|
ညအချိန် ဘုန်းကြီးကျောင်းဝင်စီး၍
ပြည်သူများကိုပစ်ခတ်ခဲ့
ရိုးမ ၃။
စက်တင်ဘာ ၂၉၊ ၂၀၀၇
စစ်အစိုးရစစ်တပ်မှ ညအချိန်တွင် ရန်ကုန်မြို့တွင်း
ဘုန်းကြီးကျောင်းများအား ၀င်ရောက်စီးနင်း ခဲ့ပြီး
ရပ်ကွက်နေပြည်သူများအား ပစ်ခတ်နှိမ်နင်းခဲ့သည်။
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းအား
ဝင်ရောက်စီးနင်းစဉ် မခံမရပ်နိုင် သော ပြည်သူများက လမ်းများပေါ်ထွက်၍
အော်ဟစ်ခဲ့ရာ အဆိုပါစစ်တပ်မှ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
“ညက (၁၀)
နာရီ (၃၅) မှာ ၀င်တာ၊ တော်တော်ကို ကြမ်းကြမ်းတမ်းတမ်းပဲ၊ ကျနော်တို့
သဒ္ဒါရုံ လမ်းပေါ်က (၂) ရပ်ကွက်က လူ ၅၀ လောက်ရှိမယ်၊ ထွက်အော်တော့
သေနတ်နဲ့ကိုပစ်တာ၊ ဘယ်သူတွေ ထိသွားတယ်ဆိုတာတော့ မသိဘူး”ဟု (၂)
ရပ်ကွက်တွင်နေထိုင်သူတဦးက ဆိုသည်။
ပြည်တော်အေးရပ်ကွက်ရှိ မင်းနန္ဒာစာသင်တိုက်အား အမှတ် (၂) စစ်ဒေသမှူး
ဗိုလ်မှူးကြီး တင်ထွန်းနှင့် စစ်တပ်အင်အားများဖြင့် စာသင်တိုက်အား
ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး မခံမရပ် နိုင်သော ပြည်သူများအား
ပစ်ခတ်ကာ ည (၁၂) နာရီအချိန်တွင် ပြန်လည်ထွက်ခွါသွားခဲ့သည်။
သံဃာများ
မည်မျှဖမ်းဆီးခံရသည်ကို မသိရှိရပဲ စစ်တပ်ကားများဖြင့်
ညအချိန်တချိန်လုံး ဒေါပုံ မြို့နယ်အတွင်း လှည့်လည်နေသည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင်လည်း စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက
ညအချိန်တွင် နေအိမ် များသို့ ဝင်ရောက်ကာ အင်န်အယ်ဒီအဖွဲ့ဝင်
ကိုထွန်းကြည်နှင့် ကိုသန်းဖေတို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
|