Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ရန်ကုန်ဆန္ဒပြမှု စတင်ပြီ
လွှတ်တော်အမတ်များ လူထုအတွင်း ဖျောက်၍လိုက်ပါပြီ

ဗထူး။ စက်တင်ဘာ ၂၉။ ၂၀၀၇  

ယနေ့နံနက် ဂန္ဒီခန်းမရှေ့မှ စတင်ကာ လူထုက ဆန္ဒပြလျှက်ရှိရာ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များလည်း လိုက်ပါဆောင်ရွက်မည်ဖြစ်သည်။ 

စစ်တပ်အင်အား ပိုမိုတိုးချဲ့ချထားသော်လည်း ရန်ကုန်မြို့လူထုက နေရာတော်တော်များများ တွင် ယနေ့ ထပ်မံဆန္ဒပြမှုအတွင်း လွှတ်တော်အမတ်များပါ ပူးပေါင်းပါဝင်နေခြင်းဖြစ်သည်။ 

လွှတ်တော်အမတ် ၃၀ ဦးခန့်က ယနေ့ရန်ကုန်တွင်ဖြစ်ပျက်နေသည့် အခြေအနေများကို သုံးသပ်ကာ ဆိုင်းဘုတ်မထောင်ပဲ ပုံသဏ္ဌာန်မျိုးစုံဖြင့် ဆန္ဒပြပွဲတွင် ပါဝင်ဆင်နွှဲနေခြင်း ဖြစ်သည်။ 

“တဦးချင်းအနေနဲ့က လူထုနဲ့ ရှိနေမယ်ဆိုတဲ့သဘောတော့ ရှိတယ်။ ဆိုင်းဘုတ်ချိတ်ပြီးတော့ လုပ်ဖို့ အစီအစဉ်မရှိပါဘူး၊ အစည်းအဝေးက ဒီအချိန်မှာ တဖက်က ရင်ဆိုင်ရတဲ့လူတွေက လူစိတ်ရှိတဲ့လူတွေ မဟုတ်ဘူး၊ ဆွေးဆွေးနွေးနွေး တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်လို့မရနိုင်ဘူး၊ ဗြောင်းဒိုင်းဗြောင်းဒိုင်းပဲ လုပ်မှာပဲ၊ မလိုလားအပ်တဲ့ ဆုံးရှုံးနစ်နာမှုတွေ  အများကြီး ဖြစ်လာ နိုင်တယ်”ဟု အမည်မဖော်လိုသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ဆိုသည်။ 

ယနေ့နေ့လည် (၁) နာရီကျော်က လူထုဆန္ဒပြပွဲတခု ရွှေဘုံသာမီးပွိုင့်အနီး ဖြစ်ပွားခဲ့ပြီး ကျောင်းသားလူငယ်များနှင့် ပြည်သူများက ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။ 

“အခု တပွဲပြီးသွားပြီဗျ၊ ဆူးလေမီးပွိုင့်ဒီဘက်က ရွှေဘုံသာမီးပွိုင့်ပေါ့။ အနော်ရထာလမ်းနဲ့ ရွှေဘုံသာလမ်းဆုံပေါ့။ ကျောင်းသားကော လူထုကော ၂ သောင်းလောက်ရှိမယ်။ ကျောင်းသား နဲ့ လူထုက အလံအနီရောင်ကို ထောင်ထားတယ်။ အလံမှာ ဘာပုံမှမပါဘူး။ လူငယ်တွေက ရှေ့ဆုံးမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံကို တင်ပြီးတော့ ကိုင်ထားတယ်။ ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကိုသတ်ဖို့မဟုတ်ဘူး၊ ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ သံဃာတွေကို သတ်ဖို့ မဟုတ်ဘူး လို့ ကြွေးကြော်တယ်”ဟု ကိုယ်တိုင်ပါဝင်သူတဦးက ဆိုသည်။ 

လုံခြုံရေးအဖွဲ့များက ၃ တန်း တန်းထားပြီး ရှေ့ဆုံးမှ ရဲများက လက်တွင် တုတ်နှင့်ဒိုင်းများ ကိုင်ကာ နောက်ဆုံးတန်းတွင် စစ်တပ်က လက်နက်ကိုယ်စီ ကိုင်ဆောင်ထားကာ စစ်ကားနှစ်စီး ရောက်လာရာ လူထုက လူစုခွဲကာ ကိုယ်ရောင်ဖျောက်လိုက်ပြီး ပြန်လည်လူစုရန် ကြိုးစားနေခဲ့သည်။ 

“အခုပြန်ပြီးတော့ လူပြန်စုနေတယ်။ ဒီနေရာက ထရိတ်ဒါးဟော်တယ်နဲ့ နီးတဲ့အခါကျတော့ ဂန်ဘာရီ တည်းမယ်လို့ သတင်းထွက်ထားတော့ လုံခြုံရေးက တော်တော်ချထားတယ်။ ဆန္ဒပြမှု အဖြစ်မခံတဲ့ သဘောရှိတယ်။ စစ်ကားတွေကလည်း မနားတမ်း လှည့်ပတ်ပြီး မောင်းနေတယ်။ ပစ်တဲ့အဆင့်တော့ မရောက်သေးဘူးဗျ”ဟု ဆို သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org