Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

မန်းလူထုဆန္ဒပြ၊ သေနတ်ဖောက် မျက်ရည်ဗုံးပစ် လူစုခွဲ
သံဃာအချို့ဖမ်းဆီးခံရ

ဗထူး။ စက်တင်ဘာ ၂၈၊ ၂၀၀၇  

မန္တလေးမြို့တွင် သံဃာတော်များကြွချီမှုကို စစ်တပ်က တားဆီးပိတ်ပင်နေပြီး လူထုဆန္ဒပြမှုကို သေနတ်ဖောက်၍ မျက်ရည်ယိုဗုံးပစ်ဖောက်ကာ လူစုခွဲသည်။ 

အေးချမ်းစွာ ဆန္ဒပြနေသည့် သံဃာတော်များအား ဒုတိယအကြိမ် မျက်ရည်ယိုဗုံးသုံးကာ မန္တလေး၌ စစ်တပ်က လူထုအား ဖြိုခွဲနေခြင်းဖြစ်သည်။ 

ယနေ့ သံဃာတော်များလှည့်လည်စဉ် လုံခြုံရေးတာဝန်ယူထားသည့် တပ်မ (၃၃) လက်အောက် ခံ တပ်များက သံဃာတော်များအား ရှစ်ခိုးကာ ကျောင်းတိုက်များသို့ပြန်ရန် လျှောက်ခဲ့ပြီး လူထုအင်အားများလာသည့် နေရာများကို သေနတ်ဖောက်ကာ မျက်ရည်ယိုဗုံးပစ်ဖောက် လူစု ခွဲခဲ့သည်။ 

“ပြည်သူတွေကလည်း ဒို့အရေးဆိုပြီး အော်တယ်။ ထူးခြားတာက (၃၅) လမ်းမှာ ထရပ်နှစ်စီးနဲ့ ထောင်သားတွေကို ထုတ်သွားတယ်။ အရှေ့ကနေ အနောက်ကို မောင်းသွားတယ်၊ စစ်သား တွေလည်း ပါသွားတယ်၊ ဒီကောင်တွေ တိုက်ပေးမလို့လား မသိဘူး။ (၈၃) လမ်းမကြီးပေါ်မှာ (၃၅) လမ်းအတိုင်း မောင်းသွားတာ။ စစ်သားတွေကလည်း ပြည်သူတွေ အော်တဲ့ဘက် လိုက်ပိတ်နေတယ်”ဟု မျက်မြင်မြို့ခံတဦးက ဆိုသည်။ 

အချို့နေရာများတွင် သံဃာတော်အချို့ကို ဖမ်းဆီးခြင်းများရှိပြီး သံဃာတော်များအား ကျောင်းသို့ပြန်ရန် စစ်တပ်က ပြောဆိုခဲ့သည်။ 

“ဘုန်းကြီးလေးပါးကို ဖမ်းသွားတယ်။ ကျန်တဲ့သံဃာတွေကို ကားနဲ့ ပြန်လွှတ်လိုက်တယ်။ (၂၄) လမ်းနဲ့ (၈၄) လမ်းဒေါင့်မှာ ဘယ်ကျောင်းတိုက်ကဆိုတာ အတိအကျမသိဘူး၊ ခု သံဃာနှစ်ပါး ကို မတ်တပ်ရပ်ခိုင်းပြီး စစ်နေကြတယ်”ဟု မြို့ခံက ဆိုသည်။  

ယမန်နေ့ညတွင် ပေါက်မြိုင်ကျောင်းအား ည (၇) နာရီတွင် စစ်တပ်မှ ဝင်ရောက်စီးနင်း ဖမ်းဆီး ခဲ့ရာ သံဃာ (၂၄) ပါး အဖမ်းခံရပြီး ဓမ္မိကရာမကျောင်းတိုက်သို့ ဝင်ခဲ့ရာ ကင်းစောင့်နေသည့် သံဃာတပါးက တုန်းမောင်းခေါက်သဖြင့် လာဖမ်းသည့် စစ်တပ်မှ ပြန်လည်ထွက်ပြေးသွားခဲ့ သည်။ 

ယနေ့တွင် မန်းသံဃာအင်အားမှာ နည်းနေပြီး မန္တလေးလူထုမှာ ၅ သောင်းကျော်ခန့် ကြွေးကြော်သံများ အော်ဟစ်ကာ နေရာအတော်များများတွင် ဆန္ဒပြလျှက်ရှိသည်။ 

“သေနတ်နှစ်ကြိမ်ပစ်တယ်၊ မျက်ရည်ယိုဗုံးပစ်တာက (၈၄) လမ်းမကြီးရဲ့ (၃၄) နဲ့ (၃၅) လမ်း ဒေါင့်တနေရာ၊ နောက်တနေရာက (၃၄) လမ်းနဲ့ (၃၃) လမ်းကြားမှာ တနေရာ၊ နှစ်နေရာ ပစ်တယ်။ လူအုပ်က ကွဲမသွားဘူး၊ ဆက်ဆန္ဒပြနေတယ်။ ဒို့အရေးကြွေးကြော်သံလည်း အော်တယ်”ဟု အခြား မန်းမြို့ခံတဦးက ဆိုသည်။ 

ယခုအချိန်အထိ ဘုရားကြီးကျောင်းတိုက်အား စစ်တပ်မှ အင်အားအလုံးအရင်းဖြင့် ၀ိုင်းထားပြီး သံဃာတော်များက ထွက်ခွင့်တောင်းရာ ထွက်လျှင် ပစ်ခတ်ရလိမ့်မည်ဟု အသံချဲ့စက်ငယ်ဖြင့် အော်ဟစ်တားသဖြင့် အခြေအနေများ တင်းမာဆဲဖြစ်သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org