Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

စစ်တွေတွင် သံဃာများကြွချီ
ပြည်သူများက ကြွေးကြော်သံများဖြင့်လိုက်ပါ

ဗထူး။ စက်တင်ဘာ ၂၆၊ ၂၀၀၇  

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့နေ့လည်က သံဃာတော်များ မေတ္တာပို့ကြွချီခဲ့ရာ ပြည်သူ ထောင်ပေါင်းများစွာက ကြွေးကြော်သံများဖြင့် လိုက်ပါဆန္ဒပြခဲ့ကြသည်။ 

နိုင်ငံအနှံ့ သံဃာနှင့်ပြည်သူ ပူးပေါင်းဆန္ဒဖော်ထုတ်ခြင်းများ ဖြစ်ပေါ်လျှက်ရှိရာ စစ်တွေမြို့ ပေါ်တွင် ယနေ့ တက္ကသိုလ်ကျောင်းသားများ ပါဝင်ကာ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ 

“သံဃာကတော့ (၁၀၀၀) ကျော်လောက်ရှိတယ်။ လူထုတွေကတော့ တသောင်းကျော်လောက် တော့ ရှိတယ်။ မင်းဘာကြီးလမ်းအတိုင်း ချီတက်ကြတယ်။ နောက် သင်္ဘောဆိပ်ဘက်က ပတ်ပြီးတော့ လမ်းမကြီးအတိုင်း လာကြတယ်၊ အင်န်အယ်ဒီက အမျိုးသမီးတွေ တော်တော် များများ တွေ့ရတယ်။ HRDP ဆိုပြီးတော့ လူ့အခွင့်အရေးမြှင့်တင်သူများကွန်ယက် ဆိုတဲ့ ဆိုင်းဘုတ်ကိုလည်း တွေ့ရတယ်။ ခွပ်ဒေါင်းအလံနဲ့ ကျောင်းသားတွေလည်း အများကြီး တွေ့နေ ရတယ်”ဟု မျက်မြင်မြို့ခံတဦးက ဆိုသည်။ 

ရာနှင့်ချီသော ကျောင်းသားများပါဝင်သည့် ပြည်သူလူထုများမှ ကုန်ဈေးနှုန်းကျဆင်းရေး၊ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး၊ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နှင့် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုသည့် ကြွေးကြော်သံ များ တိုင်ကာ သံဃာတော်များနောက် လိုက်ပါနေသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

“ရှေ့က သံဃာတော်တွေ ကိုင်ထားတာက ကုန်ဈေးနှုန်းကျဆင်းရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးထားသည့် ကျောင်းသားခေါင်းဆောင်များ လွှတ်ပေးရေး၊ နိုင်ငံရေးအကျဉ်းသားများ အားလုံး လွှတ်ပေးရေး၊ ခွပ်ဒေါင်းအလံနောက်မှာ တက္ကသိုလ်ကျောင်းသားတွေ ပါလာတယ်”ဟု အဆိုပါမြို့ခံက ဆိုသည်။ 

ယနေ့ စစ်တွေသံဃာနှင့် လူထု ဆန္ဒဖော်ထုတ်ခြင်းကို စစ်အစိုးရက နှောင့်ယှက်မှုတစုံတရာ မပြုလုပ်ခဲ့ပဲ ဆန္ဒဖော်ထုတ်သူများသည် ရိုးမဘဏ်လမ်းမှ ချိုးကွေ့ကာ ဘုရားကြီးအရောက် ညနေ (၃) နာရီ (၃၅) မိနစ်တွင် အေးချမ်းစွာဖြင့် လူစုခွဲကာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org