|
ရန်ကုန်တွင်
လွှတ်တော်ကိုယ်စားလှယ်များနှင့် ကျောင်းသားလူငယ်များ ပူးပေါင်းပြီ
ဗထူး။
စက်တင်ဘာ ၂၄၊ ၂၀၀၇
ယနေ့နံနက်
သံဃာတော်များ လမ်းလျှောက်ကြွချီခြင်းအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
များနှင့် ကျောင်းသားလူငယ်များ ပူးပေါင်းပါဝင်ခဲ့သည်။
သံဃာတော်များသာ ကြွချီခဲ့သည့် ယခင်နေ့များထက် ထူးခြားစွာ
ကျောင်းသားများနှင့် လွှတ်တော်ကိုယ်စားလှယ်များပါ သံဃာတော်များကို
ဆိုင်းဘုတ်ထောင် ပူးပေါင်းပါဝင်ခွင့် လျှောက်ထားရာမှ ခွင့်ပြုခဲ့သဖြင့်
ပူပေါင်းပါဝင်ခဲ့ခြင်းဖြစ်သည်။
“သံဃာကတော်တော်များတယ်ဗျ။ ခုထိကိုမဆုံးသေးဘူးဗျ၊ အခု
အင်န်အယ်ဒီရုံးရှေ့ကို ရောက်နေပါတယ်။ အဲ့ဒီကနေ ရွှေတိဂုံကို
ချီတက်နေပါတယ်။ သံဃာက သောင်းချီပြီး ရှိလိမ့် မယ်။ အလံနဲ့
ဆိုင်းဘုတ်ထောင်ခွင့် သံဃာတွေက ခွင့်ပြုလိုက်လို့ ခု လွှတ်တော်အမတ်တွေက
နောက်ကလိုက်နေပါပြီ။ အင်န်အယ်ဒီအဖွဲ့ဝင်တွေကော လိုက်မယ်။
လွှတ်တော်ကိုယ်စားလှယ် က အယောက် ၃၀ လောက် ရှိတယ်။
အင်န်အယ်ဒီအဖွဲ့ဝင်တွေက ၇၀၀ ကျော်လောက် ရှိတယ်။ လူထုက
ပြည့်ကြပ်နေတာပဲ”ဟု မျက်မြင်သက်သေတဦးက ဆိုသည်။
သံဃာတော်များသည် အင်န်အယ်ဒီရုံးချုပ်ရှေ့သို့ နေ့လည် (၁၂) နာရီခွဲတွင်
ရောက်ရှိပြီး မေတ္တာပို့ပရိတ်တရားနာကာ ရွှေတိဂုံစေတီဆီသို့
ဦးတည်သွားခဲ့သည်ဟု ၎င်းက ဆက်လက် ပြောဆို သည်။
“လူအချင်းချင်းနှိပ်စက်ခြင်း
ကင်းရှင်းကြပါစေလို့ သံဃာတွေက သံပြိုင်ရွတ်ဆိုနေတာပါ၊ လူတွေ ကလည်း
လက်ခုပ်တီးအားပေးနဲ့ အင်န်အယ်ဒီဗဟိုဌာနချုပ် ပြည်သူ့လွှတ်တော် ကိုယ်စား
လှယ်များ ဆိုင်းဘုတ်၊ အကြမ်းမဖက် အမျိုးသားရေးလှုပ်ရှားမှုဆိုတဲ့
ဆိုင်းဘုတ်၊ နောက်မှာ တော့ ကျောင်းသားလူငယ်တွေ အများကြီးပဲ။ လူတွေက
လက်ချင်းချိတ်ပြီး အကာအကွယ် ပေးထားပါတယ်။ ရှေ့ကိုလည်း
မြင်လို့မဆုံးတော့ နောက်ကိုလည်း မြင်လို့မဆုံးတော့ဘူး”ဟု
မျက်မြင်သက်သေက ဆိုသည်။
ယနေ့နံနက်က
ရွှေတိဂုံရင်ပြင်တွင် အနုပညာရှင်များ ရောက်ရှိနေပြီး သံဃာတော်များ
ကြွချီလာ မည်ကို စောင့်ကြိုနေသည်ဟု ဆိုသည်။
အသံနားဆင်ရန် - |