Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

သံဃာ့ကံဆောင်ခြင်းကို နှစ်သက်ပြီး အပြောင်းအလဲတရပ်ဟု
မဇ္ဈိမကိုရဲလွင် ပြောဆို

ဗထူး။ စက်တင်ဘာ ၂၃၊ ၂၀၀၇ 

တေးသီချင်းများစွာ ရေးဖွဲ့သီကုံးခဲ့ကာ နာမည်ရတေးရေးဆရာ ကိုရဲလွင်က ယနေ့ဖြစ်ပေါ်နေ သည့် သံဃာများ ဆန္ဒဖော်ထုတ်မှုများကို နှစ်သက်ပြီး အပြောင်းအလဲတရပ်ဟု ပြောဆိုသည်။ 

အနုပညာရှင်များက သံဃာ့လှုပ်ရှားမှုများကို ထောက်ခံကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး နောက် နာမည်ကြီးအဆိုတော် ခိုင်ထူး၊ ခင်မောင်တိုးတို့အတွက် သီးချင်းများစွာ ရေးပေးခဲ့သူ မဇ္ဈိမလှိုင်းဂီတအဖွဲ့မှ ဘေ့(စ်)ဂစ်တာတီးခတ်သူ ကိုရဲလွင်က ပြောဆိုလိုက်ခြင်းဖြစ်သည်။ 

အဉ္ဇလီဆိုသည့်အခွေဖြင့် စတင်ကျော်ကြားခဲ့သူ ကိုရဲလွင်က ယနေ့ နိုင်ငံအနှံ့ဖြစ်ပေါ်နေသည့် သံဃာများ အေးချမ်းစွာ မေတ္တာပို့ဆန္ဒဖော်ထုတ်ခြင်းကို များစွာ နှစ်သက်မိကြောင်း ပြောဆိုခဲ့ သည်။

“လူထုကတော့ သူတို့ ပီတီလည်း ဖြစ်တယ်။ စိတ်မကောင်းလည်း ဖြစ်တယ်။ ၀မ်းလည်း ၀မ်းသာ ခဲ့ကြတယ်။ ကြောက်လန့်ကြတဲ့ လူတွေလည်း ရှိတာပေါ့ဗျာ။ မဟုတ်တာလုပ်ထားတဲ့ လူကတော့ ကြောက်ကြတာပေါ့။ ကျနော်တို့ကတော့ စင်စင်ကြယ်ကြယ် ငါးပါးသီလကို လုံခြုံဖို့ တိုက်တွန်း နှိုးဆော်နေတာ ကြာပါပြီ။ အဲဒီတော့ ကျနော်တို့ ဒီဥစ္စာကတော့ အပြောင်းအလဲဖြစ်မဲ့ လမ်းစဉ်ပဲ။ မေတ္တာနဲ့ လှည့်လည်နေတာ ကျနော်တို့ နှစ်သက်ပါတယ်”ဟု တေးရေးဆရာ ကိုရဲလွင်က ဆိုသည်။  

ယနေ့ သံဃာတော်များကြွချီမှုကို မြင်တွေ့လိုက်ရပြီး လူအများစုမှာ ရင့်ကျက်လာသဖြင့် ငိုသူမဲ့ လာပြီး သူနေထိုင်နေသည့် မြင်ကွင်းတွင် သီလရှင်များပါ ပါဝင်လာကြောင်း ကိုရဲလွင်က ဆက်လက်ပြောဆိုသည်။ 

“ကျနော်ကိုယ်တိုင် အမြီးသတ်လေး ဖူးလိုက်ရတယ်။ ကျနော်နဲ့ လွဲနေတယ် သံဃာတွေနဲ့လေ။ မြင်ကွင်းတည့်တည့်ကတော့ လွဲနေတယ်။ ဒါမို့လို့ အများစုကတော့ အဲလို အချို့လည်း ငိုကြတယ်။ အဲလိုဟာလေးကတော့ ကြားတာပေါ့လေ။ ကျနော်ကိုယ်တိုင် အခုတွေ့ရတဲ့အချိန်မှာ ငိုတဲ့လူ မရှိတော့ဘူး။ တနေ့ထက်တနေ့တော့ ရင့်ကျက်လာကြတယ်။ ဒီနေ့ သံဃာတွေ ပိုပြီး တော့ များတယ်ဗျာ။ နောက်ဆုံးပိတ် သံဃာတွေကို တွေ့လိုက်တယ်”ဟု သူက ဆိုသည်။   

ရွှေတိဂုံစေတီဘက်မှဆင်းလာသည့် သံဃာများကိုလည်း တွေ့လိုက်ရပြီး နောက်ပိုင်းတွင် သီလရှင်များပါ အပါး (၁၀၀) ခန့် မြင်လိုက်ရပြီး လူအများစုက အပြောင်းအလဲများအတွက် လမ်းစကို ခံစားနေကာ သုံးသပ်နေသည်ဟု ဆက်လက်ပြောဆိုသည်။ 

မြန်မာ့လွတ်လပ်ရေးထက် တလပိုအသက်ကြီးသည်ဟု ကိုရဲလွင်က ပြောဆိုပြီး “ကျနော့်အနေနဲ့ ကတော့ သူတို့ဘက်ကတော့ မှားနေပြီ၊ အဓမ္မဘက်ပဲ ဖြစ်လိမ့်မည်။ တကိုယ်ရေကတော့ သီလ စောင့်တဲ့သူကိုတော့ သီလအကျိုးပေးမှာပေါ့”ဟု ဆိုသည်။ 

ကဗျာမပီ စာမမှီ’ စီးရီးဖြင့် လူငယ်များကိုဖမ်းစားခဲ့သူ အဆိုတော်စံလင်းက “ကြားတဲ့သတင်း က အဲဒီလိုပဲ၊ သံဃာတွေ ရိုက်နှက်ခံရတယ်ဆိုတာတော့ မကောင်းဘူးပေါ့ဗျာ။ အဲတော့ သူတို့ လည်း သူတို့တတ်နိုင်တဲ့ ဘက်ကနေ သံဃာတွေကလည်း မေတ္တာပို့ကြတာပေါ့၊ ကျနော်တို့ ကတော့ ပြည်သူတွေ စီးပွားရေးချောင်လည်နေတာ ပိုကောင်းတာပေါ့ဗျာ၊ ကျနော်တို့အတွက် လည်း ကောင်းတာပေါ့။ အဲတော့ ကျနော် ဘယ်လို့ပြောရမလဲ။ ဒါလုပ်သင့်လုပ်ထိုက်တယ်လို့ ထင်တယ်”ဟု ပြောဆိုခဲ့သည်။  

 အသံနားဆင်ရန် -

  ကိုရဲလွင်အသံ (၁)
 
ကိုရဲလွင်အသံ (၂)
 
စံလင်းအသံ

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org