|
မန်းသံဃာ ၂၀၀၀ ကျော် ယနေ့ ထပ်မံကြွချီ
ရိုးမ ၃။
စက်တင်ဘာ ၂၂၊ ၂၀၀၇
မန္တလေးမြို့တွင် ယနေ့နံနက်က သံဃာတော်အပါး ၂၀၀၀ ကျော်သည်
ပရိတရားတော်များ ရွတ်ဆို၍ စီတန်းလှည့်လည်ကာ အေးချမ်းစွာ
ဆန္ဒဖော်ထုတ်ခဲ့သည်။
စစ်အစိုးရအား ပတ္တနိက္ကုဇ္ဇနကံဆောင်ခဲ့ပြီးနောက် မန်းသံဃာများက ယနေ့နံနက်
(၉) နာရီမှ စတင်ကာ မြို့ပေါ်လမ်းများသို့
လှည့်လည်ကြွချီခဲ့ခြင်းဖြစ်သည်။
“ဒီနေ့တော့
မစိုးရိမ်ကျောင်းတိုက်က များတယ်။ ပတ်ဝန်းကျင်ကျောင်းတိုက်တွေက သံဃာတွေ
လည်း ပါတယ်။ မေတ္တာပို့ မောရသုတ်ရွတ်တယ်၊ လူထုထောက်ခံမှုကတော့ အပြည့်ပါပဲ
တကာကြီး။ (၈၄) လမ်းဘက်က စထွက်တာပါ”ဟု မစိုးရိမ်ကျောင်းတိုက်မှ
သံဃာတပါးက မိန့်သည်။
သံဃာတော်များ စီတန်းလှည့်လည်စဉ်တွင် အာဏာပိုင်များဘက်မှ
ဓါတ်ပုံရိုက်သတင်းယူသူ အနည်းငယ်ရှိခဲ့ကြောင်း သံဃာတော်များက
မပြုလုပ်ရန်တားမြစ်ခဲ့သည်ဟု အဆိုပါသံဃာက ဆက်လက်မိန့်ကြားသည်။
“သံဃာတော်တွေကတော့ ငါးပါးတတန်းစီ လှည့်နေတာ၊ ကျနော်တွေ့လိုက်သလောက်တော့
(၈၂) လမ်းအတိုင်း မြောက်ဘက်ကို တည့်တည့်တက်ပြီး (၂၆) လမ်းရောက်တော့
အနောက် ဘက်ကို တည့်တည့်ချိုးသွားတာခင်ဗျ၊ လမ်း ဘေးဝဲယာမှာတော
့လူတန်းကြီးက ပြည့်နေတာ ပေါ့၊ လက်အုပ်ချီပြီး ကြိုကြတာပါ။ (၂၆) လမ်း
အောက်တည့်တည့်ကနေပြီး နှင်းတိုက်ဘက်ကို ချိုးသွားတာခင်ဗျ။ လမ်းမှာတော့
ဘာမှ အတားအဆီးမတွေ့ရပါဘူး”ဟု မျက်မြင်မြို့ခံတဦးက ဆိုသည်။
ယနေ့မန္တလေးသံဃာတော်များ စီတန်းလှည့်လည်ခြင်းကို မြို့ခံလူထုက တခဲနက်
ထောက်ခံခဲ့ ကြပြီး လမ်းလျှောက်ကြွချီဆန္ဒပြခြင်းကို အေးချမ်းစွာဖြင့်
နေ့လည် (၁၂) နာရီတွင် ရုတ်သိမ်းခဲ့ သည်။ |