|
ပဲခူးမှာ သံဃာတွေ ဆန္ဒပြခဲ့
ဓါတ်ပုံရိုက်သူကို သံဃာတော်က ပြန်ရိုက်နှက်ခဲ့
ရိုးမ ၃။
စက်တင်ဘာ ၁၈၊ ၂၀၀၇
ယနေ့
နေ့လည်တွင် ပဲခူးမြို့ရှိ သံဃာတော်များက လမ်းမများပေါ်တွင် ထွက်၍
လမ်းလျှောက် ကြွချီ ဆန္ဒပြခဲ့သည်။
နိုင်ငံနှင့်အ၀ှမ်း ပတ္တနိကုဇ္ဇနကံဆောင်ရန် တိုက်တွန်းထားသည့်နေ့ဖြစ်သည့်
ယနေ့တွင် အခြား မြို့များနည်းတူ သံဃာတော်များက ယခုကဲ့သို့
ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
“ဒီမနက်
ကြွက်ကြွက်ကို ဆူသွားတာပဲ။ (၁၂) နာရီထိုးမှာ ရွှေမောဓောဘုရားအရှေ့ဘက်က
မာန်တိုင်ကျောင်း စာသင်တိုက်ကြီးပေါ့၊ စာသင်တိုက်ကနေ စထွက်တယ်။
သနပ်ပင်လမ်း အတိုင်း လျှောက်လာကြတယ်။ လူတွေက လည်း အများကြီးလိုက်လာတာ။
ပရိတ်တွေ ရွတ်လာကြတယ်”ဟု မျက်မြင်သက်သေတဦးက ဆိုသည်။
ပဲခူးမြို့၊
ရွှေမောဓောဘုရားအရှေ့ဘက်ရှိ သံဃာတော်များက ယနေ့နေ့လည် (၁၂) နာရီတွင်
စတင်ဆန္ဒပြခဲ့ရာ သနပ်ပင်လမ်းအတိုင်း လျှောက်လာခဲ့ပြီး
ဈေးကြီးရှေ့အရောက်တွင် မြို့ခံ လူထုများနှင့် လမ်းမများတွင်
ပြည့်နှက်သွားခဲ့သည်ဟု ဆိုသည်။
အာဏာပိုင်များက အဆိုပါသံဃာများအား နှောင့်ယှက်မှုမပြုလုပ်ခဲ့သော်လည်း
ဓါတ်ပုံရိုက်ကာ သတင်းရယူ သူများသာ ရှိခဲ့သည်။
“ဘုန်းကြီးတွေကတော့ သူတို့ကို ဓါတ်ပုံမရိုက်နဲ့လို့ ပြောတာ။
ဓါတ်ပုံရိုက်တဲ့လူတွေဆီက ကင်မရာတွေ ဆွဲလု၊ ပေါက်ခွဲနဲ့၊ အပါးက ၇၀၀ -
၈၀၀ လောက်ရှိသွားပြီ။ လူတွေက ပိုများတယ်။ ခုမှ ရွှေမောဓောဘုရားပေါ်
တက်သွားတယ်။ ဂျိုးသိန်းတို့၊ သင်းစံပယ်တိုက်တို့ရှေ့မှာ ကင်မရာ တွေ
ရိုက်ခွဲနဲ့၊ ဒေါတွေပွလာပြီ၊ ဘုန်းကြီးတွေ ဒေါသထွက်လာပြီ”ဟု
အဆိုပါမျက်မြင်က ဆိုသည်။
ဓါတ်ပုံရိုက်သူများသည် မည်သူမည်ဝါဆိုသည်ကို မသိဘဲ မြို့ခံလူထုများနှင့်
သံဃာတော်များ သည် ရွှေမောဓောဘုရားအရောက်တွင်
ခန့်မှန်း၍မရနိုင်လောက်အောင် များပြားနေသည်ဟု အဆိုပါမြို့ခံက ပြောသည်။
နောက်ဆုံးရသည့်သတင်းအရ ယနေ့နေ့လည် (၂)နာရီခွဲတွင် ရွှေမောဓောဘုရားပေါ်၌
သံဃာတော်များက ဝတ်ပြုဆုတောင်းကာ ပတ္တနိကုဇ္ဇနကံဆောင်လိုက်ပြီဖြစ်သည်။
“အပါးက ၃၀၀၀
ကျော်လောက်ဖြစ်သွားပြီး လူတွေ သိန်းနဲ့ကိုချီဖြစ်ကုန်တာ။ ကံဆောင်ပြီး
ဘုရားပေါ်ဆင်ြး့ပီး ကျောင်းတိုက်တွေထဲကို ၀င်သွားကြပြီ။ လူတွေလည်း
လူစုခွဲသွားပြီ။ ပထမတော့ စွမ်းအားရှင်ဆိုတဲ့ ကောင်တွေ လက်ပတ်နီလေးတွေ
ပတ်ပြီး ဟိုတစုဒီတစုနဲ့။ ဘုန်းကြီးကလည်းများ လူတွေကလည်းများဆိုတော့
ကြက်ပျောက် ငှက်ပျောက်ကို ပျောက်ကုန်တာ”ဟု မြို့ခံမျက်မြင်က ဆိုသည်။
ယနေ့တွင်
ပဲခူးမြို့ပေါ်ရှိ စာသင်ကျောင်းများနှင့် ဈေးဆိုင်များကိုလည်း
ပိတ်ထားလိုက်ပြီး ပဲခူးမြို့ပေါ်မှ လူထုအားလုံးနီးပါးက
အဆိုပါသံဃာတော်များနှင့်အတူ လိုက်ပါသွားခဲ့ကြသည်ဟု ဆိုသည်။
ဓါတ်ပုံလာရိုက်သူများကို သံဃာတော်များ ရိုက်နှက်ခဲ့သည်ကို
မြင်တွေ့ရသည့် မျက်မြင်တဦးက “ဘုန်းကြီးတွေက ၀ါးရင်းတုတ်တွေနဲ့ကို
ရိုက်ပစ်တာ။ တပါးဆိုရင် နံချပ်ကူနဲ့ တယောက်ကို ညိုသကြီးကို
ပိတ်ရိုက်လိုက်တာ ခွေကိုကျသွားတာပဲဗျို့”ဟု ဆိုသည်။ |