|
ဘိုကလေးမြို့ဆန္ဒပြပွဲ ပြီးဆုံး
ရိုးမ ၃။
စက်တင်ဘာ ၅၊ ၂၀၀၇
ယနေ့နံနက်က
ဘိုကလေးမြို့တွင် စတင်ဖြစ်ပေါ်နေသည့် ဆန္ဒပြမှုကို မိမိအစီအစဉ်ဖြင့်
ပြည်သူများက လူစုခွဲကာ ရုတ်သိမ်းလိုက်သည်။
ယနေ့နံနက်
(၈) နာရီ (၁၅) မိနစ်မှ စတင်ခဲ့သည့် ဘိုကလေးမြို့ပေါ်ဆန္ဒပြပွဲတွင်
ယင်းမြို့ ဈေးအနီးတွင် ထောင်ချီသည့် ပြည်သူလူထုများ ပါဝင်သည့်
ဆန္ဒပြမှုကို နေ့လည် (၁၂) ခွဲက ရုတ်သိမ်းလိုက်ခြင်းဖြစ်သည်။
ယနေ့
လမ်းလျှောက်၍ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ရာတွင် ဘိုကလေးမြို့နယ် (NLD)ဥက္ကဋ္ဌ
ဦးအောင်ခင်ဘိုအား မြို့နယ်(မယက)နှင့် ရဲများက ဖမ်းဆီးသွားခြင်းကို
ပြန်လွှတ်ပေးရန် ပြည်သူများက တောင်းဆိုခဲ့ပြီး ၂ နှစ်ရီကျော်ကြာ
ဟောပြောပွဲများပြုလုပ်ကာ ကြံ့ဖွံ့၊ စွမ်းအားရှင်နှင့်
အာဏာပိုင်များဖြင့် ပြည်သူတို့ ရင်ဆိုင်ထားခဲ့ကြသည်။
“(၁၂)
နာရီခွဲမှာ ရုတ်သိမ်းလိုက်တယ်။ သူ့အစီအစဉ်နဲ့သူပါ၊
ဦးအောင်ခင်ဘိုကိုတော့ ပြန်မလွှတ် သေးဘူး။ ဈေးထဲက ဆိုင်အချို့က
ဆိုင်ရှင်တွေကလည်း ဆိုင်တွေပိတ်လိုက်တာလေ”ဟု အမည်မဖော်လိုသူတဦးက
ဆိုသည်။
ယနေ့တွင်
ဘိုကလေးမြို့အထက်တန်းကျောင်းများနှင့် အခြားကျောင်းများအား နေ့လည်
ထမင်းစားကျောင်းလွှတ်ချိန်တွင် ကျောင်းများသို့ ပြန်မလာကြရန်နှင့်
ယနေ့ကျောင်းပိတ်လိုက် ပြီဟု ကျောင်းဆရာဆရာမများက ပြောဆိုခဲ့သည်ဟု ၎င်းက
ဆက်လက်ပြောဆိုသည်။ |