Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ကုလသမဂ္ဂကိုယ်စားလှယ် မြန်မာပြည်ခရီးစဉ် မအောင်မြင်ဟုဆို

ဉာဏ်မောင်။ အောက်တိုဘာ ၄၊ ၂၀၀၇ 

မြန်မာပြည်သို့သွားရောက်ပြီး စစ်ဗိုလ်ချုပ်ကြီးများနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်တို့နှင့် သွားရောက်တွေ့ဆုံခဲ့သည် အထူးကိုယ်စားလှယ်ခရီးစဉ် မအောင်မြင်ဟု ကုလအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ယနေ့ပြောဆိုလိုက်သည်။ 

မစ္စတာဂန်ဘာရီ မြန်မာပြည်မှ ပြန်လည်ထွက်ခွာသွားပြီးနောက် မည်သည့်သတင်းမှ ထွက်ပေါ် လာခြင်းမရှိသည့်ကြားမှ ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ 

စစ်တပ်မှ ဆန္ဒပြသံဃာများနှင့် ပြည်သူများအား အကြမ်းဖက် ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးခဲ့ ပြီးနောက် ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီသည် မြန်မာ့အရေးဆောင်ရွက်ရန် သွားရောက်ခဲ့ပြီးနောက် မနက်ဖြန်တွင် လုံခြုံရေးကောင်စီသို့ သူ၏ခရီးစဉ်တွေ့ရှိချက် အစီရင်ခံ စာကို တင်သွင်းမည်ဖြစ်သည်။ 

မြန်မာစစ်အစိုးရအပေါ် အနာဂတ်တွင် မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ဆိုသည်ကို တခါးပိတ်ဆွေးနွေးမည်ဖြစ်ကြောင်း မစ္စတာ ဘန်ကီမွန်းက ဆိုသည်။     

စီးပွားရေးမျက်နှာတခုတည်းကိုသာ ကြည့်နေလျှင် ယနေ့အခြေအနေတွင် ဂုဏ်သိဏ္ခာမဲ့မည်ဟု တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ကို ပြောဆိုလိုက်ပြီး “တရုတ်နိုင်ငံသည် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားလုပ်ဖို့ လိုအပ်ပြီ။ ဘုန်းကြီးကျောင်းတွေမှာ သံဃာတော်တွေ မရှိတော့ဘူး။ လူတွေကို ထရပ်ကားတွေနဲ့ ဘယ်ကိုခေါ်ဆောင်သွားနေမှန်း မသိတော့ဘူး(ဘုရားသခင်ပဲ သိ တော့မယ်) ဆိုတဲ့ လုပ်ဆောင်ချက်တွေကို လက်မခံသင့်တော့ဘူး၊  ပြုပြင်ပြောင်းလဲဖို့အတွက် အမှန်တကယ် ဖိအားပေးဆောင်ရွက်ရမဲ့ဟာတွေကို စိတ်မဝင်စားဘူးဆိုရင် အိမ်နီးချင်းကောင်း ပီသမှာမဟုတ်ဘူး”ဟု အမေရိကန်ဒီမိုကရက်တစ်အမတ် ဂျွန်ကယ်ရီက ဆိုသည်။ 

အရှေ့အာရှဆိုင်ရာ လက်ထောက်ဝန်ကြီးဖြစ်သူ စကော့မာစီရယ်ကလည်း စစ်အစိုးရကို ဖိအား ပေးနေသလို လက်ရှိ ပီကင်းအစိုးရကိုလည်း မြန်မာ့အရေးနှင့်ပတ်သက်၍ ဆက်လက်ပြီး ဆောင်ရွက်ရန် ဖိအားပေးရမည်ဟု ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org