|
စစ်သားများ ဘုန်းကြီးကျောင်းများနှင့်
ရပ်ကွက်များအတွင်း ဝင်ရောက်စီးနင်းနေ
ဗထူး။
အောက်တိုဘာ ၄၊ ၂၀၀၇
စစ်အစိုးရက
ဆန္ဒပြပွဲများအတွင်းပါဝင်သည်ဟု ယူဆသည့် ဘုန်းကြီးကျောင်းများနှင့်
ရပ်ကွက် များအတွင်း ဝင်ရောက်စီးနင်း ဖမ်းဆီးမှုများ
ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။
ယမန်နေ့ညက
စစ်သားများတင်ဆောင်လာသည့် ကားများ ဘုန်းကြီးကျောင်းများကို ဝင်ရောက်
စီးနင်းကာ သံဃာတော်များအား ဖမ်းဆီးနေပြီး
နိုင်ငံရေးလှုပ်ရှားတက်ကြွသူများကို ဆက်လက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“(၁၅)
ရပ်ကွက်၊ တောင်ဥက္ကလာက ရွှေတောင်မော်ကျောင်းကို မနေ့ည (၁၂) နာရီက ဝင်စီး
တယ်၊ သူပုန်စခန်းစီးသလိုပဲ။ ငမိုးရိပ်ချောင်းကနေပြီး
ကြံ့ဖွံ့လမ်းပြတွေနဲ့ တက်လာပြီးစီးတာ၊ ကျောင်းထိုင်ဆရာတော်အပါအဝင်
သံဃာအားလုံးကို ခေါ်သွားတယ်”ဟု တောင်ဥက္ကလာပတွင် နေထိုင်သူတဦးက
ပြောသည်။
အလားတူ
သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဒကျောင်းတိုက်အတွင်းရှိ ကျောင်းများကိုလည်း
စစ်သား များက ည (၁၂) နာရီတွင် ဝင်ရောက်စီးနင်းခဲ့သည်ဟု ဆိုသည်။
“ည (၁၂)
နာရီက ဝေဒကျောင်းတိုက်ကြီးထဲက ရပ်ကွက်ကခေါ်တာက ကရင်ကျောင်းတိုက်
လို့လည်း ခေါ်တယ်၊ ငါးထပ်ကျောင်းလို့လည်း ခေါ်တယ်၊ ပရိယတ္တိပို့ချတဲ့
ကျောင်းပေါ့၊ အဲ့ဒီကျောင်းကို ဝင်စီးတယ်၊ မနက် (၇) နာရီ (၄၅) မိနစ်မှာ
စစ်ကား ၄ စီး၊ ရဲကား ၁ စီးနဲ့ အင်အားအပြည့်နဲ့ ရောက်လာတယ်၊ (၈) နာရီ
(၂၀) မိနစ်မှာ စစ်ကားအခွံတွေ ပြန်သွားတယ်၊ စစ်သားတွေက
ဘုန်းကြီးကျောင်းတွေထဲမှာ ၀င်ပြီး တပ်ဖျောက်ထားတယ်၊ ဘာလုပ်မယ်
ဆိုတာတော့ မသိသေးဘူး”ဟု ရပ်ကွက်နေသူတဦးက ဆိုသည်။
တောင်တွင်းကြီးနှင့် ပခုက္ကူဒေသတွင်လည်း စစ်အစိုးရက
နိုင်ငံရေးလှုပ်ရှားတက်ကြွသူများကို ဖမ်းဆီးလျှက်ရှိရာ
တောင်တွင်းကြီးမြို့နယ် အင်န်အယ်ဒီအဖွဲ့ဝင် ဦးဘိုနီ၊ ကိုအောင်ကိုနှင့်
ဆန္ဒပြမှုတွင်ပါဝင်ခဲ့သူ ကိုကျော်နိုင်တို့အား ညအချိန်တွင်
ဖမ်းဆီးသွားခဲ့သည်။
“ပခုက္ကူမြို့နယ်၊ ကမ္မကျေးရွာက ဦးစန်းပွင့် (အင်န်အယ်ဒီမြို့နယ်စည်း)၊
(၂) ရက်နေ့ညက ဖမ်းသွားတယ်၊ (၂) ရက်နေ့ည (၁၁) နာရီခွဲမှာ
ကမ္မရဲစခန်းမှူး ဦးလှိုင်မြင့်၊ ရဲ ၂ ယောက်၊ ယာအိမ်မှူး ကိုမြင့်အေး၊
ကိုသန်းကြီးတို့က အိမ်တွေမှာ လာဖမ်းသွားတယ်”ဟု ဒေသခံတဦးက ဆိုသည်။
စစ်အစိုးရက
ရန်ကုန်ဆန္ဒပြမှုတွင် ဖမ်းဆီးထားသူများအား အင်းစိန်(GTI)ဝင်းအတွင်း
ဖမ်းဆီး စစ်ဆေးပြီးနောက် ကျိုက္ကဆံစစ်ကြောရေးစခန်းနှင့်
အခြားရဲတပ်ရင်းများသို့ ပို့ဆောင်ခဲ့သည်။
ရန်ကုန်မြို့ ဆန္ဒပြပွဲတွင် ဖမ်းဆီးထားသူများကို ယခုရက်ပိုင်းအတွင်း
ပြန်လည်လွှတ်ပေးခြင်း များလည်း ပြုလုပ်လျှက်ရှိရာ ယမန်နေ့က
သင်္ဃန်းကျွန်းမြို့နယ်(မယက)ရုံးတွင် လက်ရှိ ကျောင်းတက်သူများကို
စစ်အစိုးရက ကျိုက္ကဆံစစ်ကြောရေးစခန်းသို့ ပြန်လည်ခေါ်ဆောင်သွား ခဲ့သည်ဟု
ဆိုသည်။
“မနေ့က
သင်္ဃန်းကျွန်းမှာလွှတ်တဲ့ အဖွဲ့ထဲမှာ ကျနော့်သမီး ပိုပိုပြည့်စုံပါတယ်၊
ခယ်မဖြစ်တဲ့ မမိုးမိုးဆွေ ပြန်လွတ်လာတယ်၊ ခယ်မတယောက်ဖြစ်တဲ့
မသီတာအောင်က ကျောင်းသူ၊ အဝေးသင်တက္ကသိုလ် ဒုတိယနှစ် သမိုင်းဘာသာရပ်ပါ၊
ကျောင်းသူဖြစ်တဲ့အတွက် သူတို့က ဒိုင်နာကားနဲ့ ပြန်ခေါ်သွားတယ်၊
ပါမောက္ခချုပ်ရဲ့ရှေ့မှာ ၀န်ခံကတိထိုးရမယ်လို့ ပြောတယ်၊ ပါမောက္ခချုပ်က
မရှိသေးဘူး။ ခရီိးသွားတယ်ဆိုပြီးတော့ ကျိုက္ကဆံမှာ ပြန်ချုပ်ထားတယ်”ဟု
မပိုပိုပြည့်စုံ၏ဖခင် ဦးမြင့်ဝင်းမောင်က ပြောသည်။
ယမန်နေ့က
သင်္ဃန်းကျွန်း(မယက)ရုံးမှ ပြန်ခေါ်သွားသည့်အထဲတွင် ကျောင်းသူ ၂၅ ဦးခန့်
ပါဝင်ပြီး ညနေဘက်တွင်လည်း ကျောင်းသားများကို ထပ်မံခေါ်ဆောင်သွားခဲ့သည်ဟု
၎င်းက ဆက်လက်ပြောဆိုသည်။
ယနေ့တွင်လည်း ဒိုင်နာကား ၁၅ စီးခန့်ဖြင့် ဖမ်းဆီးထားသူများကို
ပြန်လည်လွှတ်ပေးမည့် သတင်းများကြောင့် မိသားစုများက အဆိုပါ (မယက)ရုံးသိ
ု့သွားရောက်စောင့်ဆိုင်းနေကြသည် ဟု ဆိုသည်။ |