Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဝန်ကြီးချုပ်အသစ် စစ်အစိုးရခန့်

ဗထူး။ အောက်တိုဘာ ၂၅၊ ၂၀၀၇ 

မကြာမီက သေဆုံးသွားသူ ဗိုလ်ချုပ်ကြီး စိုးဝင်းနေရာတွင် အတွင်းရေးမှူး (၁) ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး သိန်စိန်အား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း စစ်အစိုးရက အမိန့် ကြေညာချက်ကို ယမန်နေ့က ထုတ်ပြန်လိုက်သည်။ 

ကာလရှည်ကြာစွာ ခေတ္တဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေရာမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် လက်မှတ်ထိုးကာ အမိန့် အမှတ် (၃/၂၀၀၇) ဖြင့် ၀န်ကြီးချုပ်ရာထူးကို ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ 

အမိန့်အမှတ် (၄/၂၀၀၇) ဖြင့် ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးကို ယခု ဝန်ကြီးချုပ်ဖြစ်သူ၏နေရာ အတွင်းရေးမှူး (၁) အဖြစ်လည်း ယမန်နေ့က စစ်အစိုးရက ခန့်အပ်ခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရအကြား အပြန်အလှန်ညှိနှိုင်းဆောင်ရွက်ရန် ခန့်အပ်ခဲ့ သည့် ဗိုလ်ချုပ်အောင်ကြည်အား ဦးအောင်ကြည်အဖြစ်ပြောင်းလဲကာ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်း ခန့်အပ်ခဲ့သည်။ 

သီဟသူရတင်အောင်မြင့်ဦးသည် ကာကွယ်ရေးဝန်ကြီးဌာန စစ်ထောက်ချုပ်တာဝန်မှ ယခုကဲ့သို့ အတွင်းရေးမှူး (၁) နေရာသို့ ရောက်ရှိလာပြီး ယမန်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် ကုလသမဂ္ဂနှစ်ပတ်လည်နေ့တွင် စတင် မိန့်ခွန်းပြောဆိုနေသည်ကို မြ၀တီရုပ်သံတွင် ထုတ်လွှင့် သွားသည်။ 

ထို့အပြင် စစ်အစိုးရက ယမန်နေ့က ဗိုလ်ချုပ်သုံးဦးအားလည်း ဒုဝန်ကြီးများအဖြစ် ခန့်အပ်ခဲ့ သည်။ 

ပုံမှန်အရ လေးလပတ်အစည်းအဝေးတွင်သာ စစ်ရာထူးများ အပြောင်းအလဲကို ပြုလုပ် သော်လည်း ဗိုလ်ချုပ်ကြီးစိုးဝင်း မကျန်းမမာဖြစ်စဉ်ကတည်းက ယခုလက်ရှိနေရာများကို ပြင်ဆင်ထားခြင်းဖြစ်ပြီး ယခင်အလုပ်သမားဝန်ကြီးအား ပြောင်းရွှေ့သတင်းများ ထွက်ပေါ်လာ ခြင်း မရှိသေးချေ။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org