|
မဂ္ဂင်ဆရာတော်ကို ထောင်ချရန်
အချက်အလက်ရှာနေ နေရာအနှံ့မှ လူ့အခွင့်အရေးမြှင့်တင်သူများ
ဖမ်းဆီးခံခဲ့ရ
ဗထူး။
အောက်တိုဘာ ၈၊ ၂၀၀၇
စစ်အစိုးရစစ်တပ်များက ဆန္ဒပြရာတွင်ပါဝင်သော ကျောင်းတိုက်များသို့
နေ့စဉ်ဝင်ရောက်နေရာ ယနေ့နေ့လည်က သင်္ဃန်းကျွန်းမြို့နယ်ရှိ
မဂ္ဂင်ကျောင်းသို့ (မယက)အဖွဲ့ဝင်များက ဝင်ရောက် ရှာဖွေမှုများ
ပြုလုပ်ခဲ့သည်။
ယနေ့နံနက်က
မဂ္ဂင်ကျောင်းတိုက်မှ သံဃာတော်နှစ်ပါးနှင့် ပြည်သူနှစ်ဦးကို
ပြန်လွှတ်ပေးလိုက် ပြီးနောက် ထိုသို့ ကျောင်းတိုက်အတွင်း
ဝင်ရောက်ရှာဖွေနေခြင်းဖြစ်သည်။
“ခုလွတ်လာတာက နှစ်ယောက်နဲ့ နှစ်ပါး၊ (၂) နာရီလောက်မှာ
ကျေုာင်းအပေါ်ထပ်ကို တက်ရှာ နေတယ်၊ ဆရာတော် ဦးအိန္ဒကနဲ့ ဘုန်းကြီး
ဦးအိန္ဒိယကို ထောင်ချဖို့ အထောက်အထားတွေ ရှာနေတာဖြစ်နိုင်တယ်၊ (ရယက)၊
(မယက)နဲ့ ရဲသတင်းတပ်ဖွဲ့က လူတွေဖြစ်မယ်”ဟု မျက်မြင် သက်သေတဦးက
ဆိုသည်။
ပြန်လည်လွတ်မြောက်လာသူများမှာ မဂ္ဂင်ကျောင်းမှ အသက်(၈၄) နှစ်ရှိ
ဆရာတော်
ဦးကေတု နှင့် ဦးနန္ဒိယတို့ နှစ်ပါးဖြစ်ပြီး အောင်ဇော်ဝင်းနှင့်
အမည်မသိပြည်သူနှစ်ဦး ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
လက်ရှိတွင်
မဂ္ဂင်ကျောင်းအား ပြန်လည်ဖွင့်ပေးထားပြီး ယခင်ရက်များက
အခြားကျောင်းများသို့ ရွှေ့ထားခံရသည့် ကိုရင်ကိုးပါးအပါအ၀င်
ဆရာတော်ဝေယျာဝစ္စ ပြုလုပ်ပေးနေသူ မဂ္ဂင် ဆရာတော် တူမတော်သူတို့
ကျောင်းကို ပြန်လည်ရောက်ရှိလာသည်ဟု ဆိုသည်။
လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP) အဖွဲ့ဝင်များကို
စစ်အစိုးရက ပိုက်စိတ်တိုက်ရှာဖွေဖမ်းဆီးနေရာ ယခုလ (၃) ရက်နေ့က
ဒေသအသီးသီးမှ (HRDP) အဖွဲ့ဝင်(၄) ဦး ဖမ်းဆီးခံခဲ့ရသည်။
၎င်းတို့ ၎
ဦးမှာ ကိုထွန်းထွန်းဦး (ခ) ကိုသန်းမြင့်
အင်းတော်မြို့(စစ်ကိုင်းတိုင်း)၊ ကိုအောင်မျိုး၊ ကိုမင်းညို၊
ကိုမောင်မောင်သန်း ရွှေဘိုမြို့(စစ်ကိုင်းတိုင်း)နှင့် ဦးကြည်မြင့်
ကသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကိုဇော်လင်း
(အင်န်အယ်ဒီပါတီဝင်)တို့ ဖြစ်သည်။
အဆိုပါ
ဖမ်းဆီးခံခဲ့ရသူများမှာ သံဃာများ ဆန္ဒပြမှုတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ
စစ်အစိုးရက နေအိမ်အသီးသီးမှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ |