|
သံဃာတော်များကို ဆေးကုမပေးရန်
အမိန့်ထုတ်
ရိုးမ ၃။
အောက်တိုဘာ ၁၇၊ ၂၀၀၇
သပိတ်မှောက်ကံဆောင်ထားသည့်အတွက် သံဃာတော်များအား ဆေးဝါးမကုသပေးရန်
စစ်အစိုးရက ဆေးရုံများသို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။
မန္တလေးတိုင်း၊ မြင်းခြံနှင့် တောင်သာမြို့နယ်များတွင်
မြို့နယ်အာဏာပိုင်များက ယခုရက်ပိုင်း အတွင်း ဆေးရုံများသို့
အမိန့်ထုတ်ပြန်ထားခြင်းဖြစ်သည်။
ပတ္တနိကုဇ္ဇကံဆောင်ခြင်းကို တနိုင်ငံလုံးအနှံ့ သံဃာများက ပြုလုပ်ခဲ့ရာ
သံဃာတော်များနှင့် အာဏာပိုင်များအကြား တင်းမာမှုများ
ပေါ်ပေါက်လျှက်ရှိသည်။
“မြင်းခြံက
နာမည်ကြီး ကြံ့ဖွံ့အတွင်းရေးမှူး ဝင်းရွှေကို သံဃာတွေက ဗြောင်ကျကျကို
ဆန့်ကျင် နေတာကြောင့် ဒီလူ ဒေါသထွက်နေတယ်။ ဒီမှာက သံဃာတွေက
အားလုံးညှိပြီး ကံဆောင်ထား ကြတာ”ဟု မြို့ခံတဦးက ပြောသည်။
မြင်းခြံ(မယက)ဥက္ကဋ္ဌကလည်း (မယက)ရုံးရှေ့မှ သံဃာတော်များဆန္ဒပြရာတွင်
အားပေးကူညီ ခဲ့သည့် လ္ဘက်ရည်ဆိုင်အပါအဝင် အခြားမြို့ပေါ်ရှိ
လ္ဘက်ရည်ဆိုင်များကို သွားရောက်စားသုံးခြင်း မပြုရန် ရုံးဝန်ထမ်းများကို
ပြောဆိုထားသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
“မြို့ကလူတွေကလည်း (မယက)အပါအ၀င် သူတို့ရဲ့အသိုင်းအ၀ိုင်းတွေပိုင်တဲ့
ဆိုင်တွေက ပစ္စည်းတွေကို ၀ယ်မသုံးကြဖို့ အပြန်အလှန် တိုက်ပွဲဝင်ဖို့
ပြင်ဆင်နှိုးဆော်နေကြတယ်။ တချို့ လည်း သွားမထိုင်ကြတော့ဘူး”ဟု
မြို့ခံတဦးက ဆိုသည်။
ယခုလ (၁၄)
ရက်နေ့ကလည်း တွံတေးမြို့ရှိ မောင်းတီးဘုန်းကြီးကျောင်းမှ ကျောင်းထိုင်
ဆရာတော်နှစ်ပါးကို စစ်အစိုးရအာဏာပိုင်များက ဖမ်းဆီးသွားခဲ့ကာ
လူဝတ်လဲထားသည်ဟု ဆိုသည်။
ရန်ကုန်တိုင်း၊ တိုင်းမှူး ဗိုလ်ချုပ်လှဌေးဝင်း ဦးဆောင်လှူဒါန်းသည့်
ဆန်အိတ် ၁၇၆ အိတ်ကို လည်း ရန်ကုန်ရှိ သရက်တောကျောင်းတိုက်မှ သံဃာများက
လက်မခံသဖြင့် ကျောင်းတိုက် အတွင်း ဆန်အိတ်များရှိနေသေးသည်ဟု ဆိုသည်။ |