|
ကျူရှင်အပြန် ကျောင်းသူ (၃) ဦး
ပျောက်ဆုံးနေ
ရိုးမ ၃။
အောက်တိုဘာ ၁၊ ၂၀၀၇
ရန်ကုန်မြို့တွင် စစ်အစိုးရက ဆန္ဒပြသူများကို ပစ်ခတ်နှိမ်နင်းလျှက်ရှိရာ
ဒေါပုံမြို့နယ်တွင် နေထိုင်သူ ကျောင်းသူ (၃) ဦး
ပျောက်ဆုံးသွားခဲ့သည်။
ကျူရှင်မှအပြန် မိခင်များရှိရာရုံးခန်းသို့လာကာ အပြင်သို့
စာအုပ်ထွက်ဝယ်စဉ် ယခုလ (၂၇) ရက်နေ့က ဆူးလေအနီးတွင်
ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
ဦးမြင့်ဝင်းမောင်၊ ဒေါ်အေးအေးမော် အမှတ် (၁၂၇)၊ ပုသိမ်မြေရပ်ကွက်၊
အမှတ်(၅)လမ်း၊ ဒေါပုံမြို့နယ်တွင် နေထိုင်သူတို့၏ သမီးနှင့် ညီမများ
ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
“ကေအမ်ဒီက
ပြန်လာတာ၊ သူရဲ့ကြောပိုးအိတ်လေးထားပြီး အပြင်ဘက်ကို ခဏထွက်သွား
လိုက်တာက ပျောက်သွားတာ၊ (မယက)ရုံးကို မေးထားတာတော့မရှိဘူး၊
(ရယက)ရုံးကဆိုပြီး ပျောက်နေတာ ဘယ်သူလဲဆိုပြီး မှတ်ပုံတင်နံပါတ်တော့
ယူသွားတယ်”ဟု မိခင်ဖြစ်သူက ဆိုသည်။
မပိုပိုပြည့်စုံနှင့်အတူ မမိုးမိုးဆွေ၊ မသီတာအောင်တို့ သုံးဦးစလုံး
ယခုထက်ထိ ပျောက်ဆုံးနေပြီး ဖခင်ဖြစ်သူမှာ နိုင်ငံတကာကြက်ခြေနီရုံးသို့
သွားရောက်တိုင်ကြားနေသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
“အသက်က (၁၈)
နှစ်၊ ဒီနှစ်မှ (၁၀) တန်း အောင်ထားတာပေါ့နော်၊ ကေအင်ဒီတို့၊ မားကက်
တင်း သင်တန်းတို့ တက်နေတာ၊ လသာ (၂) မှာ ကျောင်းတက်ပြီး လှိုင်သာယာကနေ
အောင်တာ၊ (၂၇) ရက်နေ့၊ နေ့လည် (၁) နာရီလောက်က ဖြစ်တာ၊ တချို့လူတွေ
ပြန်ရောက် လာပေမဲ့ သူတို့ညီအမသုံးယောက်က လုံးဝ ပြန်မရောက်လာဘူး”ဟု
မိခင်ဖြစ်သူက ဆိုသည်။
“ခလေးမပျောက်သွားတာ ကျနော်တို့ဆီက မခေါ်ထားဘူးလေ၊ ကျနော်တို့တောင်မှ
အပြင် မထွက်ရဘူး၊ စစ်ဒေသ (၄) နဲ့ တပ်မ (၆၆) အဖွဲ့တွေ၊
ဗိုလ်မှူးဝင်းလွင်ဦး ဦးစီးတာပါ၊ ထိန်းသိမ်း တာလည်း စစ်ဒေသကပဲ
ထိန်းသိမ်းတာ၊ တနေ့ဖမ်းလို့ရတဲ့သူတွေကို စစ်ဒေသ (၄) မှာ ချုပ်တယ်၊
ပြီးရင် ညဘက်ကို စစ်ကြောရေးကို ပို့တယ်”ဟု ကျောက်
တံတားမြို့နယ်(မယက)ရုံးမှ တာဝန်ရှိသူ ဦးကျော်စိုးက ဆိုသည်။
မမိုးမိုးဆွေသည် မပိုပိုပြည့်စုံနှင့်အတူ နေထိုင်ပြီး မသီတာအောင်သည်
အမှတ်(၉၉)၊ ပုသိမ်မြေ ရပ်ကွက်၊ ဒေါပုံမြို့နယ်တွင် နေထိုင်ကာ
ဒေါပုံမြို့နယ်(မယက)ရုံးမှလည်း မည်သည့်အကြောင်း ပြန်ကြားပေးမှုမှ
မရှိပေ။
ရန်ကုန်အင်းစိန်ရှိ စက်မှုလက်မှုသိပ္ပံ(GTI) ၀င်းအတွင်း သံဃာ၊ သီလရှင်နှင့်
ပြည်သူအင်အား (၁၉၇၄) ယောက်ကို ဖမ်းဆီးထားပြီး
လူဝတ်လဲခိုင်းကာ သံဃာနှစ်ပါးတတွဲ သံခြေကျင်း ခတ်ထားပြီး
စစ်ကိုင်းတိုင်းအတွင်းရှိ ကဘော်ချိုင့်ဝှမ်းရှိ ဘ၀သစ်စခန်းကို
ပို့ဆောင်နေသည်ဟု ဆိုသည်။
ကဘော်ချိုင့်ဝှမ်းတွင် စစ်အစိုးရ၏ ရဲဘက်စခန်းတည်ရှိပြီး
စစ်သားဟောင်းများနှင့်အတူ မြို့သစ် တည်ဆောက်နေသည့် စီမံကိန်းရှိကြောင်း
သိရသည်။
အသံနားဆင်ရန်
- |