|
ရုပ်ရှင်မင်းသား ကျော်သူနှင့် ဇနီး
ပြည်ထဲရေးရုံးတွင်ရှိနေ
ဗထူး။
အောက်တိုဘာ ၁၇၊ ၂၀၀၇
သံဃာတော်များ လမ်းလျှောက်ကြွချီရာတွင် ဆွမ်းနှင့်ရေများ ကပ်လှူခဲ့သည့်
ရုပ်ရှင်းမင်းသား အကယ်ဒမီ ကျော်သူနှင့် ဇနီး နှစ်ဦးအား
ပြည်ထဲရေးဌာနရုံးတွင် ဖမ်းဆီးထားသည်။
ရန်ကင်းမြို့နယ်ရှိ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယထပ်တွင်
အခြားဖမ်းဆီးထားသူအချို့နှင့်အတူ စစ်အစိုးရက ဖမ်းဆီးထားခြင်းဖြစ်သည်။
“ထောင်အနှစ်
၂၀ ကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဘိုဘိုရဲ့မိခင် ဒေါ်မြင့်ကြည်ကိုလည်း
ရိုက်နှက်နှက်စက်ထားတာ ဘယ်ဘက်မျက်စိ ရောင်နေတယ်၊ နှခေါင်းကလည်း သွေးတွေ
ထွက်နေတယ်၊ သူ့ကိုလည်း ဒုတိယထပ်မှာ တွေ့ခဲ့တယ်”ဟု
ပြန်လည်လွတ်မြောက်လာသူ တဦးကဆိုသည်။
ပြည်ထဲရေးဝန်ကြီးဌာနရုံး အောက်ထပ်တွင်လည်း လူ ၄၀၀ ခန့်ကိုလည်း
တွေ့ခဲ့ရပြီး အမျိုးသမီး ၄၀ ခန့်နှင့် လူဝတ်လဲခံထားရသည့် သံဃာ ၂၀
ခန့်လည်း ရှိကြောင်း ၎င်းက ဆက်လက်ပြောဆို သည်။
အောက်တိုဘာလ
(၁) ရက်နေ့မှ ဖမ်းဆီးထားသူ လူ ၇၀၀ ခန့်ကို တရားစွဲရန် ရမန်ယူထားပြီး
ယမန်နေ့က စုစုပေါင်း လူ ၂၂၀၀ ခန့်ကို ထပ်မံရမန်ယူခဲ့သည်ဟု ဆိုသည်။
“ဒီနေ့မနက်
(၁၀) နာရီ (၁၅) မိနစ်မှာ အနောက်ပိုင်းခရိုင်တရားရုံးက
ရမန်ယူထားတဲ့သူတွေကို မတွေ့ရလို့၊ ဘယ်ပုဒ်မနဲ့ စွဲဆိုတယ်ဆိုတာလည်း
မသိလို့ဆိုပြီး အမိန့်မချနိုင်ဘူးလို့ ငြင်းလိုက် တယ်ပြောတယ်”ဟု
ပြည်ထဲရေးနှင့် နီးစပ်သူတဦးက ဆိုသည်။ |