|
တောင်ကုတ်မြို့တကိုယ်တော်ဆန္ဒပြသူ
မိသားစုနှင့်တွေ့ခွင့်မရ
ဗထူး။
အောက်တိုဘာ ၁၀၊ ၂၀၀၇
ရခိုင်ပြည်နယ်၊
တောင်ကုတ်မြို့တွင် တကိုယ်တော် ဆန္ဒပြခဲ့သူမှာ တလပြည့်ပြီဖြစ်သော်လည်း
စစ်အစိုးရက မိသားစုနှင့် တွေ့ခွင့်မပေးသေးဘဲ သံတွဲထောင်တွင်
ချုပ်နှောင်ထားသည်။
ပြီးခဲ့သည့်လ (၁၁) ရက်နေ့က တောင်ကုတ်မြို့တွင် ၈၈
မျိုးဆက်ကျောင်းသားများ ပြန်လွှတ်ပေးရေးနှင့် ဗိုလ်ချူပ်မှူးကြီး
သန်းရွှေအား ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ရေး ပိုစတာများ ကိုင်ဆောင်ကာ
ဆန္ဒပြစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
တကိုယ်တော်ဆန္ဒပြခဲ့သူ ကိုစိုးဝင်းအား တောင်ကုတ်ဈေး ရှေ့တွင် ရဲများက
ဖမ်းဆီးပြီးနောက် တောင်ကုတ်မြို့နယ် တရားသူကြီး ဒေါ်သိန်းဟန်မှ ညနေ (၄)
နာရီတွင် ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။
“သံတွဲထောင်မှာ မိသားစုနဲ့ မတွေ့ရသေးဘူး၊ (၂၄) ရက်နေ့က တွေ့ဖို့သွားတော့
တနင်္လာနေ့ မှတ်ပုံတင်ယူခဲ့၊ တွေ့ခွင့်ရမယ်ပြောတယ်။ နောက်နေ့သွားတော့
အိမ်ထောင်စုဇယား တောင်း တယ်၊ နေပြည်တော် တင်ပြရမယ်ပြောတယ်၊
တိုက်ပိတ်ထားတယ်လို့ ကြားတယ်၊ ခုထိကို တွေ့ခွင့်မရသေးဘူး”ဟု
မိသားစုနှင့်နီးစပ်သူတဦးက ဆိုသည်
ကိုစိုးဝင်းသည် ဆားစင်ကျေးရွာဇာတိဖြစ်ပြီး ပခုက္ကူသံဃာတော်များအား
စစ်အစိုးရစစ်တပ်မှ အကြမ်းဖက် ရိုက်နှက်ခဲ့သဖြင့် နိုင်ငံအနှံ့
သဃာများမကျေမနပ်ဖြစ်နေချိန် ဗိုလ်ချူပ်မှူးကြီး သန်းရွှေအား
ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ရန် တကိုယ်တော်ဆန္ဒပြခဲ့သူဖြစ်သည်။ |