Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဂမ်ဘာရီ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာပြင်ဆင်

ဉာဏ်မောင်။ အောက်တိုဘာ ၃၊ ၂၀၀၇ 

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသော ဒီမိုကရေစီ လိုလားသူများကို အကြမ်းဖက်နှိမ်နင်းခဲ့သည့် သွေးစွန်းနေသော အစိုးရအဖွဲ့၏ ခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးခဲ့မှုမှ အဓိကကျသော အစီရင်ခံစာ တင်သွင်းရန် ပြင်ဆင်လျှက်ရှိသည်။ 

သံဃာတော်များနှင့် ကျောင်းသားများ ဦးဆောင်ပြုလုပ်ခဲ့သည့် လူထုဆန္ဒပြပွဲများကို စစ်အစိုးရ တပ်များက ပစ်ခတ်ရိုက်နှက်ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ကုလအထူးကိုယ်စားလှယ်က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေဆုံခဲ့သည်။ 

မစ္စတာ ဂန်ဘာရီသည် တွေ့ဆုံရရှိချက်များကို တစုံတရာထုတ်ပြန်ခြင်းမရှိပဲ လာမည့် ကြာသပတေးနေ့တွင် ကုလအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် တွေ့ဆုံပြီး သောကြာနေ့တွင် လုံခြုံရေးကောင်စီ၌ အစီရင်ခံစာ တင်သွင်းမည် ဖြစ်သည်။  

မြန်မာအာဏာပိုင်များဟာ ကိုယ့်ကိုယ်ကို အထီးကျန်ဆန်စွာဖြင့် စာရင်းဇယားများကို ဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူး”ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မဟာမင်းကြီး လူးဝစ်အာဘာက ယမန်နေ့တွင် ဂျီနီဗာ၌် ပြောဆိုသည်။ 

မစ္စတာဂန်ဘာရီသည် ယနေ့တွင် စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့် တွေ့ဆုံနေပြီး သတင်း ထောက်များနှင့် တွေ့ဆုံမည်မဟုတ်ပဲ ကုလလူ့အခွင့်အရေးကောင်စီ အကြီးအကဲကလည်း စစ်အစိုးရအား သေဆုံး၊ ဖမ်းဆီး၊ ပျောက်ဆုံး စာရင်းအား ထုတ်ပြန်ပေးရန် တောင်းဆိုထား သည်။ 

အာစီယံအဖွဲ့ဝင် ကမ္ဘောဒီးယားနိုင်ငံတွင်လည်း ယမန်နေ့က မြန်မာသံရုံးရှေ့ဆန္ဒပြမှုကို ဝန်ကြီးချုပ် ဟွန်ဆန် အစိုးရက ထူးထူးခြားခြား ခွင့်ပြုခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org