Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

အင်န်အယ်ဒီ စည်းအဖွဲ့ဝင်များကို အတင်းအကြပ် လက်မှတ်ထိုးခိုင်းနေ

ဗထူး။ အောက်တိုဘာ ၂၃၊ ၂၀၀၇ 

စစ်အစိုးရက ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးနေရာ ယနေ့နံနက်က ဘိုကလေးမြို့နယ်၊ အင်န်အယ်ဒီအဖွဲ့ဝင်အချို့ကို ပြန်လည်လွှတ်ပေးလိုက်သော်လည်း ဆက်လက်ဖမ်းဆီးထားသူ များကို လက်မှတ်ထိုးရန် အကြပ်ကိုင် ဖိအားပေးနေသည်။ 

ဘိုကလေးမြို့နယ်အင်န်အယ်ဒီ ရပ်/ကျေးစည်းရုံးရေးအဖွဲ့ဝင်များကို နံနက် (၂) နာရီက ပြန်လည်လွှတ်ပေးခဲ့သော်လည်း ကျန်နေသည့် အဖွဲ့ဝင်များကို လက်မှတ်ထိုးမှ လွှတ်ပေးမည်ဟု ခြိမ်းခြောက်နေခြင်းဖြစ်သည်။ 

“မြို့နယ်စည်းဥက္ကဋ္ဌအပါအ၀င် ၆ ဦးကို လက်မှတ်ထိုးခိုင်းနေတာ။ ထိုးပေးရင် ပြန်လွှတ်ပေးမယ် ပေါ့၊ တကယ်လို့ မထိုးဘူးဆိုရင် ပုဒ်မ ၅၀၅(ခ) နဲ့ ပုဒ်မ ၁၄၃ (ဥပဒေနဲ့မညီညွတ်တဲ့ စုဝေးမှုတွင် ပါဝင်မှု) နဲ့ အပြစ်ပေးခံရမယ်လို့ ခြိမ်းခြောက်နေတာ”ဟု ပြန်လည်လွတ်မြောက်လာသူတဦးနှင့် နီးစပ်သူက ဆိုသည်။ 

ပြန်လည်လွတ်မြောက်လာသူများမှာ ဦးသန်းမြင့် (မြင်းကကုန်းကျေးရွာ)၊ ကိုကျော်မျိုး (ပဝင်ကျေးရွာ)၊ ကိုမင်းသူ (ကညင်ငူကျေးရွာ)၊ ဒေါ်ကြင်သန်း (သုံးလှည်းကျေးရွာ)တို့ ဖြစ်ပြီး ဘိုကလေးမြို့ သံဃာဆန္ဒပြပွဲတွင် ပါဝင်သူနှင့် ကုန်ဈေးနှုန်းကျဆင်းရေး တောင်းဆိုမှုတွင် ပါဝင်ခဲ့သူ ကိုသိန်းထွန်းနှင့် ကိုသက်ထွန်းတို့မှာ ဆက်လက်ဖမ်းဆီးခံနေရဆဲဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

ရန်ကုန်တွင် သံဃာတော်များ ဆန္ဒပြနေစဉ် နေရပ်သို့ပြန်သွားသည့် စီးပွားရေးတက္ကသိုလ် မာစတာတန်း တက်ရောက်နေသည့် ဂွမြို့မှ ကိုရဲမင်းဦးကို သံတွဲထောင်တွင် ဖမ်းဆီးထားပြီး ပြီးခဲ့သည့်လ(၁၈)ရက်နေ့က တာမွေလေး ဂုံးကျော်တံတားတွင် ဖမ်းဆီးခံရသူ ဒေါ်စန်းစန်းတင့်၊ မသက်သက်အောင်၊ မနွယ်နှင်းရီ (ခ) မိုးမိုး၊ ကိုကျော်စွာ (ခ) ပိန်ပိန်၊ ကိုကိုကြီး (ခ) သန်းနိုင်ဦး တို့သည် သာယာဝတီထောင်တွင် ရှိနေသည်ဟု ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org