Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဖက်ဆစ်အုပ်စုဟုဆိုကာ နာကြည်းခံစားချက်များ စုပြုံဖြစ်နေသည်ဟု မန်းသံဃာကဆို

ဗထူး။ အောက်တိုဘာ ၂၊ ၂၀၀၇ 

ယခုဖြစ်ပွားနေသည့်သံဃာနှင့်ပြည်သူ ဆန္ဒဖော်ထုတ်မှုသည် နှစ်ပေါင်းများစွာ စုစည်းထားသည့် နာကြည်းမှုများကို ပြည်သူများက မခံနိုင်တော့သည့်အတွက် ဖြစ်ပေါ်ခဲ့သည်ဟု မန်းသံဃာ တပါးက မိန့်ဆိုလိုက်သည်။ 

ကုလအထွေထွေညီလာခံတွင် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ယခုဆန္ဒပြမှုသည် နိုင်ငံရေး အခွင့်အရေးသမားများကြောင့်ဟု ပြောဆိုခဲ့သည့်အပေါ် တုံ့ပြန်လိုက်ခြင်းဖြစ်သည်။  

“ဒီကောင်တွေ စွပ်စွဲနေတာကို ဖြေရှင်းနေစရာမလိုဘူး၊ ကျုပ်တို့နဲ့ဒီကောင်တွေနဲ့ မတူဘူး၊ အခု ဒီကောင်တွေက အောက်မှာ၊ မဟာအ၀ီစိရောက်သွားပြီ။ ဒီကောင်တွေက အရမ်းယုတ်ညံ့သွားပြီ၊ ကျုပ်တို့ ကြံ့ကြံ့ခံနိုင်ဖို့ပဲ လိုတော့တယ်။ ကြံ့ကြံ့ခံနိုင်လေ ကျုပ်တို့က အနိုင်ရလေပဲ” အဆိုပါ သံဃာက မိန့်ဆိုသည်။

ပြည်သူနှင့် သံဃာကိုနှိပ်စက်မှုများ ထောင်းလမောင်းထလာပြီး တနေ့တခြား ဆိုးသထက်ဆိုး လာပြီး သခိုးဓားပြဆန်လာကာ ယခုအုပ်ချုပ်နေသူများသည် ဖက်ဆစ်များဖြစ်သည်ဟု ဆက်လက်မိန့်ဆိုသည်။ 

ကုလသမဂ္ဂညီလာခံ၌ ဦးဉာဏ်ဝင်းက ကိုလိုနီလက်သစ်များ၏ အရုပ်ဆိုးစွာ ဦးဆောင်မှုများ(နိုင်ငံခြားစွက်ဖက်မှုများ)ကို သက်သေအထောက်အထားများရှိနေသည်ဟု အမေရိကန်၊ ဗြိတိန်နှင့် အခြား အနောက်နိုင်ငံများအား တိုက်ရိုက်ရည်ညွှန်း၍ပြောဆိုခဲ့ပြီး တိုင်းပြည်တခု၏ ကံကြမ္မာသည် သူ့၏အစိုးရ၊ သူ့၏ပြည်သူတို့သာ စဉ်းစားဆုံးဖြတ်နိုင်ပြီး ပြင်ပမှ အတင်းအကြပ် စီရင်ဆောင်ရွက်ခွင့်မရှိဟု ပြောဆိုခဲ့သည်။ 

“ကိုလိုနီလက်သစ်တွေဆိုတော့ တနိုင်ငံလုံးကို ပြောလိုက်တာပေါ့၊ သိန်းနဲ့ချီတဲ့လူအုပ်ကြီးတွေက အချောင်နိုင်ငံရေးသမားတွေ၊ ကိုလိုနီလက်သစ်တွေပေါ့ဒကာ”ဟု ရီမောကာ မိန့်ဆိုသည်။ 

လောင်စာဆီပြဿနာတခုကြောင့် ဖြစ်တာမဟုတ်ပဲ တတိုင်းပြည်လုံးသိနေသည့် နာကြည်းခံစား ချက်များ၊ ဆင်းရဲဒုက္ခရောက်မှုများ အကြိမ်ကြိမ်ခံစားမှုများကို မခံနိုင်တော့သည့်အတွက် စစ်အုပ်စုကို တော်လှန်ခြင်းဖြစ်သည်ဟု ဆက်လက်မိန့်ဆိုသွားခဲ့သည်။  

ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂန်ဘာရီသည် ယနေ့ မြန်မာစံတော်ချိန် (၁၁) နာရီတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံနေသည်ဟု သတင်းများကဆိုသည်။  

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org