|
စစ်တပ်က ပြည်သူနှင့်သံဃာများကို
ထပ်မံဖမ်းဆီးနေဆဲ
ရိုးမ ၃။
အောက်တိုဘာ ၃၊ ၂၀၀၇
စစ်အစိုးရတပ်များက ယမန်နေ့ညနှင့် ယနေ့နံနက်ပိုင်းများတွင်
ရန်ကုန်မြို့ရှိ သံဃာများနှင့် ပြည်သူများကို
ဆက်လက်ဖမ်းဆီးနေဆဲဖြစ်သည်။
စစ်အစိုးရက
ဆန္ဒပြရာတွင်ပါဝင်သည့် ဘုန်ကြီးကျောင်းများနှင့် လူနေရပ်ကွက်များအတွင်း
နေ့စဉ် ဖမ်းဆီးခြင်းများပြုလုပ်နေရာ ယနေ့နံနက်ကလည်း ဗဟန်းမြို့နယ်၊
ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှ ဈေးသည်များကို စစ်ကားများဖြင့်
ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
“မနက် (၆)
နာရီလောက်ကပဲ၊ ကားက ၅ စီး၊ ၂ စီးက သူတို့အင်အားအပြည့်နဲ့ ၅၀ လောက်
ရှိမယ်၊ ၃ စီးက အလွတ်၊ ဈေးသည်တွေကို ဖမ်းသွားတာ၊ ခန့်မှန်းခြေအရ လူ
၁၀၀ ကျော် လောက် ပါမယ်”ဟု မျက်မြင်သက်သေတဦးက ဆိုသည်။
မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေးပဲ
ဖမ်းဆီးခြင်းဟုတ်မဟုတ်ကို လည်း မသိရသေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ယမန်နေ့ည
(၉) နာရီခွဲခန့်ကလည်း ဗဟန်းမြို့နယ်အတွင်းရှိ
အောင်စင်္ကြာဘုန်းကြီးကျောင်းမှ သံဃာတော်အပါး ၂၀ ကိုလည်း စစ်တပ်က
ဖမ်းဆီးသွားခဲ့သည်။
“ညက
စစ်ကားတွေဝင်လာတော့ တရပ်ကွက်လုံး မီးမှိတ်လိုက်ကြတာ၊
ချောင်းကြည့်လိုက်တော့ စစ်ကားနှစ်စီးပေါ်မှာ ဘုန်းကြီးတွေ အပါး ၂၀
လောက် တွေ့လိုက်တယ်”ဟု မြို့ခံတဦးက ဆိုသည်။ |