Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

တရုတ်ဦးဆောင်၍ ကုလသမဂ္ဂတွင် မြန်မာ့အရေး
ပျော့ပြောင်းညင်သာစေရန် ကြိုးပမ်း

ဉာဏ်မောင်။ အောက်တိုဘာ ၉၊ ၂၀၀၇ 

တရုတ်နိုင်ငံက ဦးဆောင်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အနောက်နိုင်ငံများမှ ကမကထလုပ် အဆိုပြုထားသော မြန်မာစစ်အစိုးရ၏  ဖိနှိပ်နေမှုများကို အပြစ်ပေးအရေးယူရန် အဆိုပြုချက်ကို ယမန်နေ့က ၃ နာရီကြာ ကျင်းပခဲ့သည်။ 

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ အကြမ်းဖက်မှုများ အဆုံးသတ်ရေးတို့အတွက် စစ်အစိုးရအား ပြင်းထန်စွာ တားမြစ်နိုင်ရေးအတွက် လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံက ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။  

“သူတို့ဟာ ဒီညနေမှာ အဆိုပြုချက်ကို အစအဆုံး ပြန်လည်ကြည့်ရှုပြင်ဆင်ဖို့ ရည်ရွယ်ထားပါ တယ်။ ပြီးတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့အစိုးရတွေရဲ့ ထင်မြင်ယူဆချက်နှင့် ညွှန်ကြား ချက်များကို ရည်ညွှန်းလုပ်ကိုင်ရပါလိမ့်မယ်”ဟု ဂါနာနိုင်ငံမှ အယ်လ်ဘတ် ယန်းကီးက AFP သို့ ပြောသည်။ 

မြန်မာစစ်အစိုးရ၏ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဖိနှိပ်မှုနှင့် စစ်တပ်ဖြင့် အကြမ်းဖက် နှိမ်နင်းမှု အား “လက်မခံနိုင်ဘူး” ဘုံသဘောတူညီချက် တောင်းဆိုမှုတခု ဖြစ်စေသည်ဟု ယန်းကီးက ပြောသည်။ “အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေးရေးတို့ လိုအပ်ကြောင်းနှင့် ဂမ်ဘာရီခရီးစဉ်ကို ထောက်ခံကြောင်း ဖေါ်ပြမှု”တွင်လည်း သဘောတူညီကြသည်။ 

တရုတ်နိုင်ငံကိုယ်စားလှယ်သည် ယမန်နေ့တင်ပြချက်များကို နောက်ပြန်ဆွဲ ငြင်းဆန်ဆွေးနွေး ခဲ့ပြီး ပိုမိုပျော့ပြောင်းသည့် ဆုံးဖြတ်ချက်များကို ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။ 

“စွဲချက်တင်စီရင်ချက်ချသည်(condemn)” ဟူသော စကားလုံးအစား “အလွန်ပြင်းထန်စွာ စိတ်မကောင်းဖြစ်မိသည် (strongly deplore)” ဟူသော စကားလုံးဖြင့် အစားထိုးခြင်း၊ နောင်လုပ်ဆောင်မည့် အဆင့်များနှင့်ပတ်သက်၍လည်း လုံခြုံရေးကောင်စီမှ အခြေအနေများကို ဆက်လက်စောင့်ကြည့်နေသည်ဆိုသည့်အစား “ထင်မြင်ချက် အကြံဥာဏ်များပေးသည်” ဟု အစားထိုးစေခဲ့သည်။ 

“တရုတ်နိုင်ငံဟာ မြန်မာအာဏာပိုင်များနဲ့ ဆက်သွယ်ဖို့နဲ့ ကူညီလုပ်ကိုင်ဆောင်ရွက်ဖို့အတွက် အဓိကအခန်းကဏ္ဍက ပါရမှာဖြစ်တယ်။ ဂမ်ဘာရီကိုလဲ ထည့်သွင်းအသုံးပြုရမှာဖြစ်တယ်၊ ၎င်း ကြားခံနှစ်ခုစလုံးကိုလည်း ‘အန္တရာယ်ဒုက္ခမဖြစ်စေရန်’ အဖွဲ့ဝင်နိုင်ငံများကလည်း စိတ်ထက်သန် ကြပါတယ်” ဟု အယ်လ်ဘတ် ယန်းကီးက ဆိုသည်။ 

စစ်အစိုးရကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန်အတွက် ကြားခံကိုယ်စား လှယ်တဦးကို ခန့်အပ်ထားလိုက်သော်လည်း ဒေါ်အောင်ဆန်းစုကြည်အား တဖက်သတ်စွပ်စွဲ ချက်များ ကြိုတင်ထားရှိခြင်းအတွက် ဆွေးနွေးပွဲအောင်မြင်နိုင်မည့်အလားအလာ အလွန်နည်းပါးနေသည်ကို တွေ့ရသည်။    

စစ်အစိုးရတပ်ဖွဲ့များက နိုင်ငံအနှံ့ ဆန္ဒပြရာတွင်ပါဝင်သည့် ဘုန်းကြီးကျောင်းများနှင့် ရပ်ကွက် များအတွင်း ဝင်ရောက်စီးနင်း ဖမ်းဆီးမှုများကို ယမန်နေ့ထိတိုင် ပြုလုပ်နေဆဲဖြစ်သည်။
 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org