Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ကော့ကရိတ်အနီး ခရီးသည်တင်ကားမှောက်
ခရီးသည်အများအပြား သေဆုံးဒဏ်ရာရ

ရိုးမ ၃။ အောက်တိုဘာ ၂၅၊ ၂၀၀၇ 

ယမန်နေ့က မြ၀တီမှ မော်လမြိုင်သို့ ထွက်ခွါသွားသည့် ခရီးသည်တင်ယာဉ်တစီးသည် ကော့ကရိတ်မြို့နယ်အတွင်းတွင် တိမ်းမှောက်ကာ လမ်းအောက်သို့ ထိုးကျသွားစဉ် ခရီးသည် အများအပြား သေဆုံးဒဏ်ရာရရှိခဲ့သည်။ 

ယမန်နေ့ နံနက် (၁၀) နာရီတွင် မော်လမြိုင်သို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်မှာ ကော့ကရိတ်ပိုင် ၀ါးစခန်းအနီး တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ 

“ကားက မြ၀တီက အောင်ရတနာအေး ကားလိုင်းကပါ။ ခရီးသည် ၉ ဦးသေတယ်ကြားတယ်။ အားလုံး ၃၁ ယောက် တင်သွားတယ်လို့ ပြောတယ်”ဟု မြ၀တီမြို့ခံတဦးက ဆိုသည်။

ဒဏ်ရာရသူများကို ကော့ကရိတ်ဆေးရုံတွင် ကုသနေရပြီး အများအပြားမှာ ဒဏ်ရာပြင်းထန် သည်ဟု ဆိုသည်။

ကားချင်းကျော်တက်ပြီး လမ်းဘေးမြေပြိုတော့ ကားတစီးလုံး လမ်းအောက်ဘက်ကို ထိုးကျ သွားတာပဲ။ ခရီးသည် ၉ ဦး သေတယ်။ မနေ့က (၂၄) ရက်နေ့၊ မနက် (၁၀) နာရီမှာပေါ့၊ ကော့ကရိတ်အပိုင် ၀ါးစခန်းနေရာမှာ။ ဒဏ်ရာရတဲ့သူတွေကိုတော့ ကော့ကရိတ်ဆေးရုံကို ဆက်ပို့လိုက်တယ်။ ကားကတော့ အောင်ရတနာကားပဲ”ဟု မြ၀တီမှ အမည်မဖော်လိုသည့် အစိုးရဝန်ထမ်းတဦးက ဆိုသည်။ 

သေဆုံးသူများထဲတွင် ကလေးငယ်မိခင်အပါအ၀င် အမျိုသမီး ၆ ဦးနှင့် အမျိုးသား ၃ ဦး ဖြစ်ကြောင်း ဒေသခံရဲဝန်ထမ်းတဦးက အတည်ပြုပြောဆိုသည်။ 

အဆိုပါကားသည် မြ၀တီမှ မော်လမြိုင်မြို့သို့ ဘုရားဖူးထွက်ခွါခဲ့သည့် ကားဖြစ်သည်ဟု ဒေသခံ များက ပြောကြားခဲ့သည်။ 

မဲဆောက်ဈေးမှ ကုန်သည်တဦးက “ဈေးထဲမှာ ကုန်ခြောက်ဆိုင်ဖွင့်ထားပြီး ငွေလဲတဲ့ မနုမိသား စု ပါသွားသလားမသိဘူး၊ သူတို့ဘုရားဖူးသွားကြတာ၊  ဒီနေ့တောင် ဆိုင်ပိတ်ထားတယ်၊ မနက်က သူ့အမျိုးတွေလိုက်သွားတော့ လမ်းမှာ ထိုင်းရဲက ဖမ်းမိသွားသေးတယ်”ဟု ဆိုသည်။  

ကလေးငယ်တဦးကို ရင်ခွင်တွင်ပိုက်ရက်ဖြင့် မိခင်တဦးသေဆုံးနေသည်ကို စိတ်မကောင်းစွာ တွေ့မြင်ရပြီး ဒဏ်ရာရသူ စုစုပေါင်းမှာ ၁၁ ဦး ဖြစ်သည်ဟု မျက်မြင်သက်သေတဦးက ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org