Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဖုန်းဖြင့်ဆက်သဖြင့် အလံတိုင် တ၀က်ထူခဲ့ရ

ဗထူး။ အောက်တိုဘာ ၁၅၊ ၂၀၀၇ 

စစ်အစိုးရက ပြီးခဲ့သည့် ၁၂ ရက်နေ့က ဗိုလ်ချုပ်ကြီး စိုးဝင်း သေဆုံးခြင်းအတွက် နိုင်ငံအ၀ှမ်းရှိ ဌာနဆိုင်ရာများအား အလံတ၀က်ထူရန် အမိန့်ထုတ်ပြန်ခဲ့သည်။ 

ကျန်းမာရေးဆိုးဝါးနေသည့် စစ်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း စင်္ကာပူတွင် ဆေးဝါး ကုသမှု ခံယူပြီးနောက် နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ရာ ယခုလ (၁၂) ရက်နေ့က ကွယ်လွန်သွား ကြောင်း စစ်အစိုးရက ပြောဆိုခဲ့ပြီးနောက် အလံတ၀က်ထူရန် အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

အမိန့်အမှတ် (၄/၂၀၀၇) ဖြင့် ဗိုလ်မှူးကြီး သန့်ရှင်း လက်မှတ်ဖြင့် ထုတ်ပြန်သည့် ကြေညာချက် တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ကွယ်လွန်ခြင်းကြောင့် ၀မ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် ၃ ရက်ကြာ  အလံတိုင်တ၀က် လွှင့်ထူရန် ထုတ်ပြန်ခဲ့သည်။

“(ခရက) အဲ့ဒီနေ့က စာမထွက်သေးဘူး၊ (၁၃.၁၀. ၂၀၀၇) ရက်နေ့ (၁၄) နာရီ (၂၅) အချိန်မှာ (တယက)က ဖုန်းဆက်တယ်။ (၁၄) နာရီ  (၃၅) မှာ (ခယက) ဖုန်းဆက်တယ်။ ၀န်ကြီးချုပ် ကွယ်လွန်တဲ့ အထိမ်းအမှတ်ပေါ့၊ အလံတိုင် တ၀က်လွှင့်ထူရန်တဲ့၊ ၂ ရက် လွှင့်ထူဖို့ အကြောင်း ကြားပါတယ်၊ စနေတနင်္ဂနွေ၊ ဌာနဆိုင်ရာများကိုလည်း ပြောကြားရန်လို့ ဆိုတာ”ဟု ကျောက်တံတားမြို့နယ်(မယက)မှ တာဝန်ရှိသူတဦးက ဆိုသည်။ 

မြန်မာနိုင်ငံတွင် ဇူလိုင်လ (၁၉) ရက်နေ့တွင်သာ ကျဆုံးသွားသည့် အာဇာနည်ခေါင်းဆောင် များကို အောင်းမေ့ဝမ်းနည်းခြင်းအားဖြင့် အလံကို တ၀က်လွှတ်ထူခဲ့ရာ ယခုကိစ္စကို နားမလည် နိုင်အောင် ဖြစ်ရကြောင်း (မယက)ရုံးဝန်ထမ်းတဦးက ဆိုသည်။ 

ယင်းအမိန့်ကြေညာစာတွင် ဌာနဆိုင်ရာများကိုသာ အလံတိုင်တ၀က်လွှင့်ထူရန် ပြောကြားထား ပြီး ပြည်သူများအတွက် အမိန့်မပါရှိသဖြင့် ရပ်ကွက်အတွင်း လိုက်လံလွှင့်ထူခိုင်းစေခြင်းမရှိဟု ဆိုသည်။ 

“ရပ်ကွက်ထဲကတော့ သူ့စာသားအတိုင်းပဲ လုပ်တာဆိုတော့ ဌာနဆိုင်ရာလို့ပြောတဲ့အတွက် ရပ်ကွက်တွေကိုတော့ မပြောပါဘူး၊ ပြည်သူတွေ မေးမှာစိုးလို့လေ၊ အဲ့လိုပဲဖြေလိုက်တယ်”ဟု ကျောက်တံတားမြို့နယ် (မယက)၀န်ထမ်းတဦးက ပြောသည်။ 

“အာဇာနည်နေ့ကိုပဲ သိတာလေ၊ သုံးရက်ဆက်တိုက်လွှင့်ဖို့ ဖုန်းနဲ့ပြောတော့ နားမလည်ပါဘူး၊ ဖုန်းပြောတဲ့လူတွေကလည်း နာမည်မပြောဘူး၊ ကျနော်တို့လည်း ဘာပြောရမယ်ဆိုတာ မသိဘူး”ဟု ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org