Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

တာမွေကျောင်းရှေ့တွင် ပြည်သူ ၇ ဦးခန့် သေဆုံးခဲ့

ရိုးမ ၃။ အောက်တိုဘာ ၁၀၊ ၂၀၀၇ 

ပြီးခဲ့သည်လ (၂၇) ရက်နေ့က တာမွေ အ.ထ.က (၃) ရှေ့တွင် ဆန္ဒပြသူများအား စစ်တပ်မှ ပစ်ခတ်ဖြိုခွဲခဲ့ရာ ပြည်သူ ၇ ဦး သေဆုံးခဲ့သည်။ 

စက်တင်ဘာ (၂၇) ရက်နေ့တွင် ရန်ကုန်မြို့၌ ဆန္ဒပြမှုများဖြစ်ပွားခဲ့ရာ အဆိုပါကျောင်းရှေ့တွင် ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူတဦးက ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

“တပ်မ (၂၂) နဲ့ ရဲတွေက ပစ်တာ၊ ၇ ယောက်ကျော်လောက် သေမယ်၊ ဒဏ်ရာရတဲ့ လူတွေက တော့ အများကြီးပဲ၊ အရိုက်ခံရတဲ့လူတွေဆီက ငွေတွေ၊ လက်ဝတ်ရတနာတွေ၊ ဖုန်းတွေ အကုန်လုံးကို လုယူတာ”ဟု ဖမ်းဆီးခံရသူတဦးက ဆိုသည်။ 

အဆိုပါနေ့က အမျိုးသမီးများအပါအ၀င် (၂၀၀) ခန့်အား ဖမ်းဆီး၍ ကျိုက္ကဆံသို့ ခေါ်ဆောင်ခဲ့ပြီး ည (၂) နာရီိခွဲတွင် အင်းစိန်(ဂျီတီအိုင်)သို့ ရွှေ့ပြောင်းကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

ယင်းနေရာတွင် စစ်သားများက ၀ါးရင်တုတ်များနှင့် စောင့်ကြပ်နေကာ (၂၈) ရက်နေ့အထိ ရေမတိုက်ပဲထားကာ ပေ ၄၀ ပတ်လည် အခန်းအတွင်း လူအများ ပြည့်ကြပ်စွာဖြင့် နေထိုင်ခဲ့ရ သည်ဟု ဆိုသည်။ 

“(၂၈) ရက်နေ့ညမှ ထမင်းကြွေးတာ၊ စစ်သားတွေက ဆဲဆိုပြီးကို ရိုက်တာ၊ ကျနော်ရောက်တဲ့ နေ့က လူ ၃၀၀၀ လောက် ရှိတယ်၊ ကျနော်နေတဲ့ အခန်းဘေးမှာ (၃၀) ရက်နေ့က တယောက် သေတယ်၊ ဘုန်းကြီးတွေနဲ့ လူတွေ ရောထားတယ်၊ သံဃာတွေကို လူဝတ်လဲခိုင်းထားတယ်”ဟု ဖမ်းဆီးခံခဲ့ရသူက ဆိုသည်။ 

ရန်ကုန်မြို့၊ ခြောက်ထပ်ကြီးဘုရား သိပ္ပံကျောင်း ကျောင်းထိုင်ဆရာတော်မှာ လူဝတ်လဲခံထား ရပြီး ကျန်းမာရေးအခြေအနေ ဆိုးဝါးနေသည်ဟု ဆိုသည်။ 

ယခုလ (၄) ရက်နေ့ နံနက်တွင် စစ်ဝတ်စုံဖြင့် အမည်မသိ ဗိုလ်မှူးအဆင့်ရှိသူတဦးက ဖမ်းဆီး ထားသူများကို မရိုက်နှက်ရန် ပြောဆိုခဲ့ပြီး ဖမ်းဆီးထားသူများထဲမှ နိုင်ငံရေးသမားအများစုကို အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org