|
လူထုဒေါ်အမာမွေးနေ့ ကျင်းပ
ရိုးမ ၃။
နိုဝင်ဘာ ၃၀၊ ၂၀၀၇

ပြည်သူချစ်သော စာရေးဆရာမကြီး လူထုဒေါ်အမာ၏ မွေးနေ့ကို
ထိုင်း-မြန်မာနယ်စပ်မှ အမေမာကို ချစ်သောသူများက ယမန့်နေ့ညက
ကျင်းပခဲ့သည်။
ပြည်သူဘက်မှ
ရပ်တည်ခဲ့သည့် လူထုဒေါ်အမာမွေးနေ့ကို နှစ်စဉ်ကျင်းပခဲ့ရာ ယခု (၉၂) ပြည့်
မွေးနေ့အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။
လူထုနှင့်အတူ ရပ်တည်ခဲ့သည့် လူထုဒေါ်အမာသည် စာပေ၊ အနုပညာ၊
ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကိုချစ်သူဖြစ်ပြီး စာပေအနှပညာဆိုင်ရာ
စာအုပ်နှင့် ဆောင်းပါး မြောက်များစွာကို ရေးသားခဲ့သည်။
စက်တင်ဘာ
သံဃာနှင့် လူထုလှုပ်ရှားမှုဖြစ်လာသောအခါ “ဆန္ဒပြတာဟာ သိပ်ဆင်းရဲလို့ကွ၊
အရင်တုန်းကလေ လူတယောက် တနေ့ကို ထမင်း ၂ ထပ် စားနိုင်တယ်မဟုတ်လား၊
ဟင်းနဲ့ နော်၊ အခု ဟင်းနဲ့မစားနိုင်ဘူး၊ ၁ ထပ်ပဲ စားနေရတယ်၊
ဟင်းနဲ့မစားဘဲ ဘာစားနေလဲဆိုတော့ ဆီနဲ့ဆားနဲ့ ထမင်းနဲ့ အဲ့ဒီလို
စားနေရတာ၊ သိပ်ဆင်းရဲနေကြတယ်” ဟု အမေမာက ပြောဆိုခဲ့ သည်။
အခမ်းအနားမှူးအဖြစ် ကဗျာဆရာမြင့်ဇေက ဆောင်ရွက်ကာ ကျင်းပရေးကော်မတီ၏
နှုတ်ဆက်စကားကို ကဗျာဆရာ မောင်လွမ်းဏီက ပြောကြားခဲ့သည်။
ကဗျာနှင့်စာရေးဆရာ ဇွန်မှိုင်းက စစ်အစိုးရလက်အောက်တွင်
လူထုဒေါ်အမာမွေးနေ့ပွဲကို ခြိမ်းခြောက်မှုများကြားမှ ကျင်းပခဲ့ရပုံနှင့်
အမေမာ ဖြတ်သန်းမှုများကို ရှင်းလင်းကာ ဂုဏ်ပြုစကား ပြောဆိုခဲ့သည်။
အဆိုပါမွေးနေ့ပွဲသို့ ထိုင်း-မြန်မာနယ်စပ်ရောက် စာရေးဆရာ၊ ကဗျာဆရာ၊
အယ်ဒီတာနှင့် စာပေချစ်သူ လူငယ်များ၊ တိုင်းရင်းသားနှင့်
ကျောင်းသားလူငယ်များ အင်အား ၁၅၀ ခန့် တက်ရောက်ခဲ့သည်။
သားဖြစ်သူ
ဖိုးသံ(လူထု)၏ မွေးနေ့သို့ ပို့သသည့်ကဗျာကို ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်(နိုင်ငံခြားရေးကော်မတီ)မှ ကိုမင်းနိုင်က
ရွတ်ဆိုခဲ့သည်။
အခမ်းအနားကို ည ၉ နာရီအချိန်တွင် ကဗျာဆရာမောင်လွမ်းဏီက ကျေးဇူးတင်စကား
ပြောကြားကာ အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။ |