Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

မိသားစုနှင့်တွေ့ခွင့်ရရေး နေပြည်တော်ကိုတိုင်

ရိုးမ ၃။ နိုဝင်ဘာ ၂၂၊ ၂၀၀၇ 

ဖမ်းဆီးခံထားရသည့် အင်န်အယ်ဒီအဖွဲ့တဦးအား မိသားစုနှင့်တွေ့ခွင့်ရရေးအတွက် ပြည်ထဲရေး ဝန်ကြီးဌာနသို့ တိုင်ကြားခဲ့သည်။ 

စစ်တွေမြို့တွင်နေထိုင်သူ အင်န်အယ်ဒီအဖွဲ့ဝင် ကိုမင်းအောင်အား သံတွဲထောင်တွင် မိသားစုနှင့် တွေ့ခွင့်ပိတ်ပင်ထားသည့်အတွက် နေပြည်တော်မှ ဝန်ကြီးဌာနသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။ 

စက်တင်ဘာဆန္ဒပြမှုအား စစ်အစိုးရက ရက်စက်စွာ ဖြိုခွဲခဲ့ပြီးနောက် နေအိမ်သို့ ရန်ကုန်မှအပြန် တွင် စစ်အစိုးရက စစ်တွေမြို့နယ် အင်န်အယ်ဒီအဖွဲ့ဝင် ကိုမင်းအောင်အား ဖမ်းဆီးကာ ထောင်ဒဏ် (၂) နှစ် အပြစ်ပေးခဲ့သည်။ 

ပထမတွင် ထောင်ဒဏ် ၉ နှစ်အထိ အပြစ်ပေးပြီးနောက် အယူခံတင်သွင်းခဲ့ရာ ပြည်နယ် တရားရုံးက စက်တင်ဘာလ (၂၄) ရက်တွင် ထောင်ဒဏ် ၂ နှစ်သို့ လျှော့ပေါ့ချထားခဲ့သည်။ 

“စစ်တင်ဘာ (၁၃) ရက်နေ့က ရန်ကုန်ကနေ အိမ်ပြန်ရောက်ရောက်ချင်း ၅ မိနစ်လောက်ပဲ ရှိအုံးမယ်၊ ရဲက နောက်က လိုက်လာပြီးကို ဖမ်းသွားတာ”ဟု မြို့ခံတဦးကဆိုသည်။ 

အယူခံဝင်စဉ်ကာလအတွင်း မိသားစုနှင့် တွေ့ခွင့်ရရေးအား သံတွဲထောင်တာဝန်ခံသို့ ပြောခဲ့ရာ အထက်မှ တားမြစ်ပိတ်ပင်ထားသည်ဟုဆိုကာ မိသားစုနှင့် တွေ့ခွင့်မရဖြစ်ခဲ့ရသည်။ 

ယခုစာအား ရခိုင်ပြည်နယ် အင်န်အယ်ဒီစည်းရုံးရေးကော်မတီဥက္ကဋ္ဌ၊ ဂွမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးညီပု လက်မှတ်ရေးထိုးကာ ပြည်ထဲရေးဝန်ကြီးနှင့် အကျဉ်းဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်ထံ စာရေးသားပေးပို့ တိုင်ကြားထားခြင်းဖြစ်သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org