|
နှစ်ကုန်ပိုင်းတွင် ဂန်ဘာရီ
မြန်မာပြည်သွားလို
ဉာဏ်မောင်။
နိုဝင်ဘာ ၂၈၊ ၂၀၀၇
ကုလအထူးကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီသည် ယခုနှစ်ကုန်တွင် မြန်မာပြည်သို့
သွားလို ကြောင်း ပြီးခဲ့သည့် တနင်္လာနေ့တွင် ပြောကြားသည်။
စက်တင်ဘာလှုပ်ရှားမှုအား စစ်အစိုးရက အကြမ်းဖက်ဖြိုခွဲပြီးနောက်
တတိယအကြိမ် မြန်မာပြည် သွားမည်ဟု ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ဒီနှစ်မကုန်ခင် သွားနိုင်လိမ့်မယ်လို့ ကျနော် ရိုးသားစွာ
မျှော်လင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော် ရှေ့ဆက်လုပ်ရမဲ့ အလုပ်တွေ
အများကြီးရှိနေပါသေးတယ်” ဟု ဗီယက်နန် နိုင်ငံသို့
အလည်အပတ်ခရီးစဉ်အတွင်း သတင်းစားရှင်းလင်းပွဲတွင် ပြောခဲ့သည်။
ဖမ်းဆီးထိန်းသိမ်းထားသူများအား လွှတ်ပေးနေပါသည်ဟု စစ်အစိုးရအနေဖြင့်
ကြေညာနေ သော်လည်း နောက်ထပ်ဖမ်းဆီးနေမှုများနှင့်ပတ်သက်၍ မစ္စတာ ဂန်ဘာရီက
ရပ်တန့်သွား လိမ့်မည်ဟု သူ မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့သည်။
စစ်အစိုးရ
ပြည်ထဲဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ရခိုင်ပြည်နယ် မောင်းတောမြို့တွင်
မစ္စတာ ဂန်ဘာရီနှင့်ပတ်သက်၍ ပြောဆိုခဲ့ရာ “အီဗရာဟင်ဂမ်ဘာရီဟာ
နိုင်ငံရေးအကျဉ်းသား ၂၀ ဦးရဲ့ စာရင်းယူလာပြီး သူတို့ကို
အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုတယ်။ ဒါ့အပြင် သူဟာ နိုင်ငံရေး
အကျဉ်းသား ၁၀ ဦးနဲ့ တွေ့ဆုံခွင့်ပေးဖို့ အစိုးရဆီကို တောင်းဆိုတယ်။
ဒါပေမဲ့ ကျနော်တို့က သူ့ကို ခွင့်မပြုခဲ့ဘူး။ ဒါပေမဲ့ ကျနော်တို့က
သူ့ကို အစိုးရထိပ်တန်းအရာရှိ ၅ ဦးနဲ့ တွေ့ဆုံခွင့်ပေးခဲ့ တယ်။ ဒါကို
သူက မကျေနပ်ဘူး” ဟု ပြောခဲ့သည်။
ဌာနဆိုင်ရာ
ဝန်ထမ်းများနှင့် တွေ့ဆုံကာ ၎င်းတို့အနေဖြင့် မည်သည့်
နိုင်ငံတကာဖိအားပေးမှု ကိုမျှ လက်မခံနိုင်ကြောင်း ပြည်ပအသံလွှင့်ဌာနများ
ထုတ်လွှင့်မှုများကို မယုံကြည်ရန် ပြောဆို ခဲ့ပြီး အဆိုပါအစည်းအဝေးသို့
ဌာနဆိုင်ရာအသီးသီးမှ အရာရှိ ၁၅၀ ဦး တက်ရောက်ခဲ့သည်။ |