Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဒေါက်တာသန်းထွန်းကွယ်လွန်ခြင်း ၂ နှစ်ပြည့် ကျင်းပ

ရိုးမ ၃။ နိုဝင်ဘာ ၃၀၊ ၂၀၀၇ 

သမိုင်းမှတ်တမ်းများ ပြုစုရေးသားခဲ့သည့် ဆရာကြီး ဒေါက်တာသန်းထွန်းကွယ်လွန်ခြင်း
၂ နှစ်ပြည့်အခမ်းအနားကို ယနေ့နံနက်က ထိုင်း-မြန်မာနယ်တနေရာတွင် ကျင်းပခဲ့သည်။ 

၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည့် နိုင်ငံကျော် သမိုင်းပညာရှင် အား အောက်မေ့သတိရစွာဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။ 

ဒေါက်တာသန်းထွန်းကို ၁၉၂၃ ခုနှစ်၊ ဧပြီလ (၆) ရက်၊ သောကြာနေ့တွင် အဖ ဦးဘိုထွေး၊ အမိ ဒေါ်သင်တို့မှ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့နယ်၊ ဒေါင့်ကြီးရွာတွင် မွေးဖွားခဲ့ပြီး မွေးချင်း ၅ ဦးအနက် ဒုတိယမြောက်သား ဖြစ်သည်။ 

၁၉၃၈ မတ်လတွင် ငါးသိုင်းချောင်းမြို့၊ အမျိုးသားအထက်တန်းကျောင်းမှ ဟိုက်စကူးဖိုင်နယ် စာမေးပွဲကို အောင်မြင်ကာ ဘ၀တလျှောက်လုံးတွင် စာပေ၊ သမိုင်းပညာ၊  ဥပေဒေပညာရပ်တို့ ကို နိုင်ငံတွင်းနှင့် နိုင်ငံခြား တက္ကသိုလ်များတွင် လေ့လာဆည်းပူးကာ သမိုင်းအထောက်အထား များကို ဖော်ထုတ်သည့် စာအုပ်စာပေနှင့် စာတန်းများစွာ ပြုစုရေးသားခဲ့သည်။ 

ယနေ့ကျင်းပသည့် အခမ်းအနားတွင် စက်တင်ဘာလလှုပ်ရှားမှုတွင် ပါဝင်လာခဲ့သည့် သံဃာတော် ၅ ပါးက ဆရာကြီး၏ စာပေနှင့် သမိုင်းဆိုင်ရာ ကျေးဇူးများကို အောင်းမေ့ဖွယ် အမှတ်တရအဖြစ် မိန့်ကြားခဲ့သည်။ 

ထို့နောက် ကဗျာဆရာ မောင်လွမ်းဏီက ဆရာကြီး၏ အတ္ထုပ္ပတ္တိကို ဖတ်ကြားပြီးနောက် သံဃာတော်များက ဆရာကြီးအတွက် ဆုတောင်းမှုများပြု၍ အမျှအတန်းဝေကာ အခမ်းအနား ကို နေ့လည် (၁၂) နာရီခွဲတွင် ရုပ်သိမ်းခဲ့သည်။  

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org