|
ရဲစခန်းဘက်စုံပြုပြင်ရန် ငွေတောင်း
ရိုးမ ၃။
နိုဝင်ဘာ ၂၆၊ ၂၀၀၇
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ ဘုရင့်နောင်ရဲစခန်း
ပြုပြင်ရန်အတွက်ဟုဆိုကာ အဓမ္မ ငွေကောက်ခံခဲ့သည်။
ရဲစခန်းမှူးကိုယ်တိုင် လက်မှတ်ရေးထိုးကာ ထာဝရမိတ်ဆွေဆိုသူများအား
ငွေကောက်ခံခဲ့ခြင်း ဖြစ်သည်။
“ဘောလုံးဒိုင်၊ ချဲထီဒိုင်၊ စားသောက်ဆိုင်တွေကို
စာနဲ့ကိုပို့ပြီးငွေကောက်တာ၊ ရဲမှူးကြီး လာစစ်ဆေးဖို့ရှိတယ်၊ နောက်
စစ်ရေးပြကွင်းပြုပြင်ဖို့ဆိုတာလည်း စာထဲမှာပါတယ်၊ ထုံးစံ အတိုင်း
ထည့်ရတာပါပဲ” ဟု ချဲထီဒိုင်တဦးက ဆိုသည်။
ဘောလုံးဒိုင်တဦးနှင့် သုံးလုံးချဲထီဒိုင်တဦးလျှင် (၁၀၀,၀၀၀)၊
စားသောက်ဆိုင်တဆိုင်လျှင်(၅၀,၀၀၀)၊ သုံးလုံးနှင့် နှစ်လုံး
လက်ခွဲဒိုင်တဦးလျှင် ကျပ် (၂၀,၀၀၀) နှုန်းဖြင့် ယခုလ ၂၃ ရက်မှ
စတင်ကောက်ခံနေသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
“ဘုရင့်နောင်ရဲစခန်းရဲ့ ထာဝရမိတ်ဆွေဆိုပြီး ရေးထားတာ၊ ထာဝရ ပေးနေရတာလေ၊
စခန်းမှူး ရဲအုပ် ခင်နိုင်ကိုယ်တိုင် လက်မှတ်ထိုးပြီး စာပို့ထားတာ” ဟု
ဘုရင့်နောင်ဝင်းအတွင်း နေထိုင်သူ တဦးက ဆိုသည်။
စစ်အစိုးရက
နေရာအနှံ့ ပုံစံအမျိုးမျိုးဖြင့် ပြည်သူများထံမှ အဓမ္မ
ငွေကြေးများကောက်ခံနေရာ ယခုကဲ့သို့ ဌာနဆိုင်ရာများမှ
တောင်းခံသည့်ငွေများကို ပြည်သူများနှင့် စီးပွားရေးလုပ်ငန်း
လုပ်ဆောင်နေသူများမှာ ယင်းတို့တောင်းခံသည့် ငွေများကို အများအားဖြင့်
ထည့်ဝင်ပေးနေ ရဆဲ ဖြစ်သည်။ |