Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

မြန်မာနိုင်ငံမှ ဖြတ်သန်းသွားသည့် အိန္ဒိယ-တရုတ်လမ်းမကြီး ပြန်လည်တည်ဆောက်ရန် အိန္ဒိယမှစတင်

ဉာဏ်မောင်။ မေ ၈၊ ၂၀၀၇

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း၊ အာသံပြည်နယ်မှ တရုတ်ပြည်အနောက်တောင်ပိုင်း၊ ယူနန် ပြည်နယ်၏မြို့တော်ကူမင်းကို ဆက်သွယ်သော (၁၇၂၆)ကီလိုမီတာရှည်လျားသည့် စတီဝဲလ် လမ်းမကြီး (လီဒီုလမ်းမကြီး)အား ပြန်လည်တည်ဆောက်ရန် အိန္ဒိယအစိုးရက ပြောဆို လိုက်သည်။

ဒုတိယကမ္ဘာစစ်အတွင်းက တရုတ်နိုင်ငံသို့ ကျူးကျော်ဝင်ရောက်လာသည့် ဖက်ဆစ်ဂျပန်များ အား တိုက်ခိုက်ရန်အတွက် ဗြိတိန်နှင့်အမေရိကန်တပ်များရွှေ့ပြောင်းမှုအတွက် အရေးပါခဲ့သည့် အဆိုပါ လမ်းမကြီးအား ယခုအခါ စီးပွားရေးနှင့်ကုန်သွယ်မှုအတွက် အိန္ဒိယအစိုးရက ပြန်လည် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သောလကလည်း တရုတ်-မြန်မာနယ်စပ်ရှိ ကန်ပိုက်တီးဒေသတွင် လမ်း၏ အောက်ပိုင်း ပြန်လည်တည်ဆောက်ခြင်း အခမ်းအနားကို မြန်မာပြည်အတွင်း၌ကျင်းပခဲ့ပြီး စတီးဝဲလ်လမ်း၏ အစိတ်အပိုင်းသည် တရုတ်ပြည်၊ ယူနန်ပြည်နယ်အတွင်း၌ ယခုအခါတွင် အမျိုးသားအဝေးပြေး လမ်းမကြီးကွန်ရက်၏ အစိတ်အပိုင်းတစ်ခုဖြစ်နေသည်ဟု ဆင်ဟွာသတင်းဌာနက ဆိုသည်။  

“စတီဝဲလ်လမ်းမကြီး ပြန်လည်ဖွင့်လှစ်ဖို့အတွက် (၃)နိုင်ငံအစိုးရများတွင် ပြောဆိုဆွေးနွေးပြီး သွားပါပြီ။ အရှေ့မြောက်ပိုင်းဒေသမှာရှိတဲ့ ပြည်သူတွေအတွက် အိပ်မက်တစ်ခုကို အကောင် ထည်ဖေါ်လိုက်ပါတယ်။ ကုန်သွယ်ရေးနဲ့ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများလည်း မကြာခင် ပွင့်လင်းလာပါလိမ့်မယ်”ဟု  အာသံပြည်နယ်၊ ပြည်နယ်ရေးရာဝန်ကြီး တာလံဂိုဂိုရီက ဆိုသည်။

အိန္ဒိယနိုင်ငံဘက်မှ စတီးဝဲလ်လမ်းမကြီးအား ချဲ့ထွင်မွမ်းမံမှုလုပ်ငန်းများ ပြီးစီးသွားပြီဖြစ်ပြီး (၄)လမှ (၆)လ အတွင်းတွင် လမ်းအစိတ်အပိုင်းအားလုံး ပြီးစီးသွားမည်ဖြစ်ပြီး အဆိုပါလမ်း ပြန်လည်ဖွင့်လှစ်ရန် (၃)နိုင်ငံ သဘောတူညီချက်အပေါ်တွင် မူတည်သည်ဟု အာသံပြည်နယ်၊ စက်မှုလက်မှုဝန်ကြီးက ပြောသည်။

အိန္ဒိယနိုင်ငံတွင် များစွာသောအိမ်နီးချင်းနိုင်ငံများမှ သဘာဝဓါတ်ငွေ့အပါအ၀င်  စက်ပစ္စည်းများ၊ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ ချည်မျှင်နှင့်အထည်အလိပ်ပစ္စည်းများ၊ အများအပြား လိုအပ်လျက်ရှိသည်။

စတီးဝဲလ်လမ်းမကြီးသည် အိန္ဒိယနိုင်ငံဘက်ခြမ်းတွင် (၆၁)ကီလိုမီတာ၊ တရုတ်ပြည်ဘက်ခြမ်း တွင် (၆၃၂)ကီလိုမီတာရှိပြီး အဓိက မြန်မာပြည်အတွင်းတွင် (၁၀၃၃)ကီလိုမီတာရှည်လျားပြီး ဒုတိယကမ္ဘာစစ်အတွင်းက အဆိုပါလမ်းကြောင်းကို ဦးဆောင်တည်ဆောက်ခဲ့သည့် အမေရိကန် စစ်ဗိုလ်ချုပ်ကြီး ဂျိုးဇက်စတီးဝဲလ်၏အမည်ကို အစွဲပြုကာ စတီးဝဲလ်လမ်းမအဖြစ် အမည်မှည့် ခေါ်ခဲ့သည်။

အိန္ဒိယနိုင်ငံ၊ လီဒိုမြို့မှစတင်ကာ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် အဆုံးသတ်သည့် အဆိုပါလမ်းကို မြန်မာများက လီဒိုလမ်းမဟု ခေါ်ဆိုခဲ့သည်။ မြန်မာနိုင်ငံ၊ မြစ်ကြီးနားမြို့မှ တရုတ်နိုင်ငံ၊ တန်ချောင်မြို့ထိ ချိတ်ဆက်မည့် အဆိုပါ လမ်းပြုပြင်ရေးအတွက် ကုန်ကျစရိတ် ယွမ်ငွေ(၁.၂၃) ဘီလီယံ၏ သုံးပုံနှစ်ပုံကို တရုတ်နိုင်ငံက အကုန်အကျခံမည်ဟုဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org