|
ဒေါ်အောင်ဆန်းစုကြည်အား
ယခုလအတွင်းလွှတ်ပေးရန် ဂျနီဗာက တောင်းဆို
ဉာဏ်မောင်။
မေ ၁၁၊ ၂၀၀၇

နှစ်ကာလကြာရှည်စွာထိန်းသိမ်းခံနေရသည့်
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ယခုလအတွင်း
ပြန်လည်လွှတ်ပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူ (၁၄)ဦးက
တောင်းဆိုလိုက်သည်။
အတွေးအခေါ်အယူအဆ လွတ်လပ်မှုဖြင့် မြန်မာနိုင်ငံ လူ့အခွင့်
အရေးဖော်ပြမှုတို့အတွက် စစ်အစိုးရကဖမ်းဆီး ချုပ်နှောင်ထား သော
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံးအား
ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
၁၉၉၀
ခုနှစ်၊ မေလရွေးကောက်ပွဲ (၁၇)နှစ်မြောက်နေ့တွင်
နေအိမ်အကျယ်ချုပ်သက်တမ်းကုန်ဆုံးမည့် သူမနှင့် ကျန်နိုင်ငံ
ရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန် လူ့အခွင့်အရေး
စုံစမ်းစစ်ဆေးရေးမှူးများက ဂျနီဗာ တွင် ကြေညာချက်တစောင်ထုတ်ပြန်ကာ
တောင်းဆိုလိုက်ခြင်းဖြစ်သည်။
အဆိုပါ
ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲများတွင် ခုံသမာဓိလူကြီးများဖြင့်
ထိန်းသိမ်း ဖမ်းဆီးးခြင်းဆိုင်ရာ ကိစ္စရပ်များဆိုင်ရာ
ကျွမ်းကျင်သူများပါဝင်ပြီး ထင်ရှားသည့် မြန်မာနိုင်ငံ ဆိုင်ရာ
လူ့အခွင့်အရေးကိုယ်စားလှယ် ပါမောက္ခ မစ္စတာပီညဲရိုးလည်း ပါဝင်သည်။
၂၀၀၃
ခုနှစ်၊ မေလ (၃၀) ရက်နေ့တွင် အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်
(NLD)ပါတီဝင်များအား အကြမ်းဖက် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့မှာ နေအိမ်အကျယ်ချုပ်
ကျခံနေခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ် ကတည်းက
နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသည့်သက်တမ်းမှာ (၁၁)နှစ်ကျော်ခဲ့ပြီဖြစ်သည်။
“စစ်အစိုးရအနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် အမှန်တကယ်
အကျိုးရှိသည့် လုပ်ဆောင်မှုမျိုးကို ပေးလိမ့်ကို ယုံကြည်ပါသည်”ဟု
အဆိုပါထုတ်ပြန်ချက်က ဆိုလိုက်ပြီး စစ်အစိုးရအနေဖြင့်
နိုင်ငံရေးအကျဉ်းသားများအား ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြင့်၎င်း၊
ပြည်သူ များ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ
လှုပ်ရှားနေခြင်းများကို ကန့်သတ် တားဆီးခြင်းဖြင့်
တိုင်းပြည်တည်ငြိမ်ရေးကို ကောင်းစွာလုပ်နိုင်လိမ့်မည်မဟုတ်ဟု ဖော်ပြထား
သည်။
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် ယခင်နှစ်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်
ကိုဖီအာနန်၏တောင်းဆိုချက်ကို စစ်အစိုးရက လျစ်လျူရှုခဲ့ပြီး
လက်ရှိအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း သူမနှင့်
နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန် တောင်းဆို ခဲ့သည်။
စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ
ပြန်လည်လွှတ်ပေး ရေးကို ကုသမဂ္ဂအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက
တောင်းဆိုမှုများကို အစဉ်တစိုက် လျစ်လျူရှုနေခဲ့ပြီး နိုင်ငံရေးနှင့်
လူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူများကို ဖိနှိပ်ဖမ်းဆီး
ခြင်းများကိုသာ ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။
ယခုလ (၁)
ရက်နေ့မှစတင်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များက
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက်
ဝတ်ပြု ဆုတောင်းခြင်းနှင့် လက်မှတ်ရေးထိုးတောင်းဆိုမှုများကို
လကုန်ရက်အထိ တလတာ လှုပ်ရှား ဆောင်ရွက်မှုများ
နိုင်ငံအနှံ့ပြုလုပ်လျှက်ရှိရာ ပြီးခဲ့သည့်အင်္ဂါနေ့က
ရွှေတိဂုံဘုရားပေါ်ရှိ ၀တ်ပြု ဆုတောင်းသူ (NLD)အဖွဲ့ဝင် (၇)ဦးကို
အာဏာပိုင်များက တနာရီခွဲကြာ ခေတ္တဖမ်းဆီးခဲ့သည်။ |