Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဖမ်းဆီးထားသည့် အဖွဲ့ဝင်များလွှတ်ပေးရန် (NLD)တောင်းဆို

ရိုးမ ၃။ မေ ၂၁၊ ၂၀၀၇

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆုတောင်းသူ များအား ဖမ်းဆီးထားခြင်းကို ပြန်လွှတ်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က တောင်းဆိုလိုက်သည်။ 

ယခုလ (၁၅)ရက်၊ အင်္ဂါနေ့က ဘုရားတွင် ၀တ်ပြုဆုတောင်းရန် သွားရောက်ခဲ့သည့် (NLD)ပါတီ ဝင်များအား ပြည်သူဟု အမည်တပ်ကာ အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး (၃) ရက် မြောက်နေ့တွင် (NLD) က ကြေညာချက် တစောင်ထုတ်ပြန်ကာ ယခုကဲ့သို့ စစ်အစိုးရထံ တောင်းဆိုလိုက်ခြင်းဖြစ်သည်။ 

ယခုလ (၁၇) ရက်နေ့က (NLD)ပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးက စစ်အစိုးရထံ ဖမ်းဆီးခံထားရသည့် ၄င်းတို့ပါတီဝင်များအား ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် တောင်း ဆိုခဲ့သည့် ထုတ်ပြန်ချက်တွင် ဗုဒ္ဓဘာသာထုံးစံနှင့်အညီ ချစ်ခင်မြတ်နိုးသော (NLD) ပါတီ ခေါင်းဆောင် ပြန်လည်လွတ်မြောက်ရေးအတွက် အေးချမ်းစွာ ၀တ်ပြုဆုတောင်းသူများကို ဖမ်းဆီးခြင်းသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ အချက်များကို ဖောက်ဖျက်ရာရောက်ကြောင်း ဖော်ပြထားသည်။  

အဆိုပါနေ့က အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးသူများမှာ စစ်အစိုးရက ဖွဲ့စည်းထားသည့် စွမ်းအားရှင်ဟူသည့် အဖွဲ့မှာ အာဏာပိုင်များအလိုကျ ခိုင်းစေခံရသူများဖြစ်ပြီး ယင်းကဲ့သို့ ဖမ်းဆီးခြင်းသည် လုပ်ပိုင်ခွင့်ရှိသော သက်ဆိုင်ရာ ရဲနှင့် ထောက်လှမ်းရေး အဖွဲ့များမဟုတ်သည့် အတွက် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (၃၉၉) နှင့် (၃၄၀) တို့ကို ပြောင်ပြောင်တင်းတင်း ကျူးလွန် ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ 

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် (NLD) ပါတီဝင် များက ယခုလ (၁)ရက်နေ့မှစတင်ကာ တလတာ လက်မှတ်ရေးထိုးခြင်းနှင့် ၀တ်ပြုဆုတောင်း ခြင်းများ ပြုလုပ်နေစဉ် ပြီးခဲ့သည့်အပတ် အင်္ဂါနေ့က လှိုင်သာယာမြို့နယ်အတွင်းမှ (NLD) ပါတီဝင် (၁၁)ဦးနှင့် လူ့အခွင့်အရေးလှုပ်ရှားသူအဖြစ် ထင်ရှားသူ ယင်းပါတီဝင် မစုစုနွေးနှင့် (၂၀)ဦးတို့ကို အာဏာပိုင်များက ယနေ့တိုင် ဖမ်းဆီးချုပ်နှောင်ထားသည်။ 

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ကျောက်ကုန်းအရပ်ရှိ မိုးကောင်းဘုရားတွင် ဒေါ်အောင်ဆန်းစု ကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ၀တ်ပြုဆုတောင်းရန် သွား ရောက်သူ ၈၈ မျိုးဆက် ကျောင်းသားများအား ယမန်နေ့ကလည်း ဘုရားဂေါပကအဖွဲ့က ဘုရားဝင်းအတွင်း ၀င်ရောက်ဆုတောင်းရန် ခွင့်မပြုခဲ့ပေ။  

ယခုလအတွင်း နေ့အိမ်အကျယ်ချုပ် သက်တမ်းပြည့်မည့် ဒေါ်အောင်ဆန်းစုကြည်အား လွှတ် ပေးရန် ကုလသမဂ္ဂ၊ နိုင်ငံတကာနှင့် ပြည်တွင်းပြည်ပမှ နိုင်ငံရေးလှုပ်ရှားသူများက တညီ တညွတ်တည်း တောင်းဆိုနေချိန်တွင် စစ်အစိုးရက အဆိုပါတောင်းဆိုမှုများကို လျစ်လျူရှုကာ တားဆီးပိတ်ပင်ခြင်း၊ ဟန့်တားနှောင့်ယှက်ခြင်းနှင့် အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးချုပ်နှောင် မှုများကို တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။ 

မေလ (၂၇)ရက်နေ့သည် ၁၉၉၀ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်နှင့် အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားပါတီများနှင့် မဲဆန္ဒရှင်ပြည်သူများ၏ (၁၇) နှစ် မြောက် အောင်ပွဲအထိမ်းအမှတ်နေ့ဖြစ်ပြီး စစ်အစိုးရက အဆိုပါရလဒ်ကို ယခုတိုင် အသိအမှတ် မပြုသေးပေ။  

မေလ (၁၇)ရက်နေ့ထုတ်(NLD)ပါတီ၏ ၄/၀၅/၀၇ ကြေညာချက်တွင် အေးချမ်းစွာ ၀တ်ပြု ဆုတောင်းသူ (NLD)ပါတီဝင်များကို ဖမ်းဆီးခြင်းသည် စစ်အစိုးရပိုင် နေ့စဉ်ထုတ်သတင်းစာများ တွင် ဖော်ပြနေသော “တရားဥပဒေစိုးမိုးရေး” ဟူသော ကြွေးကြော်သံနှင့် ကွဲလွဲကာ “ကျင့်ဝတ်သိဏ္ခာ”နှင့်လည်း မညီညွတ်ကြောင်း၊ ထို့ကြောင့် မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်း ခြင်း ခံထားရသည့် (NLD)ပါတီဝင်များကို စစ်အစိုးရအနေဖြင့် ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ် ပေးရန် ဖော်ပြထားသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org