|
နှုတ်ထွက်သည်ဟုဆိုသူအများစုမှာ
ပါတီဝင်မဟုတ်ဟု (NLD) ကပြော
ရိုးမ ၃။ မေ
၁၈၊ ၂၀၀၇
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှ အင်န်အယ်ဒီ(NLD) ပါတီဝင် (၃၀) က
ပါတီကို အယုံအကြည်မရှိ၍ နှုတ်ထွက်သည်ဟု စစ်အစိုးရထုတ် သတင်းစာတွင
်ဖော်ပြထားသော အမည်များမှ အများစုသည် ပါတီဝင်မဟုတ်ကြောင်း (NLD)ပါတီ
ဧရာဝတီတိုင်းဥက္ကဋ္ဌ ဦးလှဖေ က ပြောဆိုသည်။
ယမန်နေ့က
စစ်အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် မှားနေသည်များကို
ပြင်ဆင်ခြင်းမရှိပဲ တိုင်းပြည်နှင့်လူမျိုး ဒုက္ခရောက်စေမည့်
လုပ်ရပ်များကို ဆောင်ရွက်နေခြင်းကြောင့် ဘိုကလေး မြို့နယ်ပါတီဝင် (၃၀)
က (NLD) ပါတီဝင်အဖြစ်မှ နှုတ်ထွက်ခဲ့သည်ဟု ဖော်ပြထားသည်။
“ဦးအောင်ဌေး အတွင်းရေးမှူးဆိုတာ ထွက်သွားပြီလေ။ ထွက်စာရောက်တာကတော့ ၁၅
ရက် လောက်ရှိသွားပြီ။ ကျနော်တို့ကတော့ ထွေထွေထူးထူးတော့
ပြောစရာမရှိပါဘူးခင်ဗျာ။ ဒါတွေ ကတော့ လုပ်ရိုးလုပ်စဉ်ဖြစ်နေတော့
ကျနော်တို့ဆီက တစ်ယောက်ထွက်လည်း အကြီးအကျယ် ကြေညာတာပဲ။ ကျန်တာတွေကတော့
အများစုက ပါတီဝင်မဟုတ်တဲ့သူတွေပါ၊ တချို့ဟာကျ တော့ ရောပြီးတော့
ကြေညာတယ်။
စစ်စစ်မှန်မှန် ဘယ်လိုပြောရမှန်းတောင်မသိပါဘူး။ အဲဒါ တွေက
ရှုပ်ထွေးအောင်လုပ်နေတဲ့ ကိစ္စတွေပါ” ဟု (NLD)ပါတီ ဧရာဝတီတိုင်းဥက္ကဋ္ဌ
ဦးလှဖေက ဆိုသည်။
စစ်အစိုးရသတင်းစာက ဘိုကလေးမြို့နယ်အတွင်းရေးမှူး ဦးအောင်ဌေး
ကြိမ်ချောင်းကြီး ကျေးရွာမှ ဦးဌေးအောင်အပါအ၀င် (၁၈)ဦးနှင့်
အခြားကျေးရွာများမှ ပါတီဝင်များအပါအ၀င် (၃၀)ဦးတို့သည် (NLD)ပါတီ၏
လုပ်ရပ်များကို မကျေနပ်၍ ပါတီဝင်အဖြစ်မှ နှုတ်ထွက်ခဲ့ခြင်းဖြစ် သည်ဟု
ဖော်ပြခဲ့သည်၊
“စောစောပိုင်းကတည်းက အခုလို နှုတ်ထွက်တာတွေကို ကျနော်တို့
လေ့လာတဲ့အခါမှာ အမှန် တကယ် နှုတ်ထွက်တာက မရှိသလောက်ပါပဲ။
(NLD)မဟုတ်တဲ့
လူနာမည်တွေ သုံးပြီးတော့ လုပ်ခဲ့တယ်။ နောက်တခုက အဲဒီလို
နှုတ်ထွက်ရတဲ့အကြောင်းရင်း ဖော်ပြတဲ့အခါမှာ အဲဒါ တွေဟာ အကုန်လုံး
လက်ရှိအစိုးရရဲ့ သတင်းဆောင်းပါးတွေမှာပါတဲ့ စကားလုံးကြီးပဲ။ အဲဒါ
ကြောင့် ကျနော်တို့ ဒီဟာနဲ့ ပတ်သက်၍ တခုချင်းတော့
ဘာမှမတုံ့ပြန်တော့ဘူး။ ဒါဟာ မမှန်မကန် ဖော်ပြချက်တွေပဲလို့ ကျနော်တို့
ဒီလို့ပဲ သဘောထားတယ်” ဟု (NLD)ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက
ဆိုသည်။
စစ်အစိုးရအနေဖြင့် ယခင်ကလည်း (NLD)ပါတီဝင်များက ပါတီအပေါ်
အယုံအကြည်မရှိသဖြင့် နှုတ်ထွက်သည့် သတင်းများကို အစဉ်တစိုက်
ဖော်ပြနေခဲ့ပြီး သတင်းစာ၊ ဂျာနယ်များမှ (NLD) ပါတီအား
ပုတ်ခတ်ရေးသားထားသည့် သတင်းနှင့် ဆောင်းပါးများကို ဖော်ပြလျှက်ရှိသည်။
ယခုအပတ်
အင်္ဂါနေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ
လွတ်မြောက်ရေး အတွက် ဘုရားတွင် ၀တ်ပြုရန် သွားရောက်ခဲ့သော (NLD)ပါတီဝင်
(၃၉)ဦးကို ဘာသာရေးအား ခုတုံးလုပ်ကာ မတည်မငြိမ်ဖြစ်အောင်
သွေးထိုးလှုပ်ဆော်သဖြင့် ဖမ်းဆီးခဲ့ရသည်ဟု ယမန်နေ့ ထုတ် သတင်းစာကလည်း
ဖော်ပြရေးသားခဲ့သည်။
“ဘာသာရေးကို
ခုတုံးလုပ်တယ်။ ဘာခုတုံးလုပ်တာလဲ။ ဘာသာရေးဟာ လွတ်လပ်စွာ ဘယ်သူ ကိုမဆို
ကျနော်တို့ မေတ္တာပို့နိုင်တယ်၊ ဆုတောင်းနိုင်တယ်။ ကျနော်တို့
ဘယ်ဘုရားကိုမဆို အများပြည်သူ ၀တ်ပြုကိုးကွယ်တဲ့ နေရာတွေဟာ
တားဆီးခွင့်မရှိဘူးဗျ။ အဲဒါကိုက မှားနေ တာပါ” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
ပါတီနိုင်ငံရေးကို သန့်သန့်မလုပ်ပဲ တိုင်းပြည်နှင့်လူမျိုးကို
ဒုက္ခရောက်စေမည့်လုပ်ရပ်များကို (NLD)ပါတီက လုပ်ဆောင်နေသည်ဟု သတင်းစာပါ
ဖော်ပြချက်နှင့်ပတ်သက်၍ ဦးဉာဏ်ဝင်းက ဆက်လက်၍ “ဒီနိုင်ငံရေးစကားလုံးဟာ
ကိုယ်လိုချင်ရာ ဆွဲပြီးတော့ သုံးထားတဲ့ စကားလုံး၊ ကျနော်တို့
ပါတီနိုင်ငံရေးဟာ ပါတီလုပ်ကတည်းကိုက တိုင်းပြည်အတွက် ဖွဲ့ထားတာ။
အဲဒီတော့ ပါတီနိုင်ငံရေးလုပ်တာဆိုရင် တိုင်းပြည်အတွက် လုပ်တာပဲ။
ပါတီထဲက လူတွေကြီးပဲ ကောင်းစား ဖို့ လုပ်တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး
သူတို့ ဒီလိုယူပြီးတော့ ဒီလိုစကားလုံးသုံးတာ။ တကယ်တော့ ဒီစကားလုံးပါ
လွှဲမှားနေတယ်လို့ ကျနော်ပြောချင်တယ်” ဟု ဆိုသည်။ |