Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂများအဖွဲ့ချုပ် ဖွဲ့စည်း

ရိုးမ ၃။ မေ ၂၄၊ ၂၀၀၇

အဖက်ဖက်မှ အကြပ်အတည်းများဖြင့် ရင်ဆိုင်နေရသည့် မြန်မာပြည်သူများအရေးအတွက် ဆောင်ရွက်ရန် ရဟန်းသံဃာများဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂများအဖွဲ့ချုပ်ကို ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့သည်။

သံဃာ (၇)ပါး ပါဝင်သည့် အဆိုပါအဖွဲ့အစည်းက ပြည်သူများခံစားနေရသည့် နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဘာသာရေးအကြပ်အတည်းများကို တတ်စွမ်းသ၍ ကူညီဖြေရှင်းပေးရန်အတွက် ဖွဲ့စည်းခဲ့သည်ဟုဆိုသည်။

ရဟန်းပျိုသမဂ္ဂများအဖွဲ့ချုပ်ကို (၂၂.၅.၂၀၀၇)ရက်နေ့ ထုတ်ပြန်ကြေညာချက်အမှတ် (၁/၂၀၀၇) တွင် သဘောထား (၃)ရပ်နှင့် ရည်ရွယ်ချက် (၄)ချက်အား ချမှတ်ဖွဲ့စည်းခဲ့ကြောင်း ဖော်ပြခဲ့ပြီး ကမ္ဘာပေါ်တွင် အထင်ရှားဆုံး ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ ပြည်သူများ၏ အကြပ် အတည်းများကို ဘာသာရေးရှုဒေါင့်မှ ၀ိနည်းတော်နှင့်အညီ ကူညီဖြေရှင်းရန်နှင့် ဘာသာရေး အရ ဖိနှိပ်ခံရမှုများအား ဦးဆောင်ဖြေရှင်းနိုင်ရန် သံဃာအဖွဲ့အစည်းများကို ဒေသအလိုက် ဖွဲ့စည်းသွားမည်ဟုဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံ ရဟန်းပျိုသမဂ္ဂများအဖွဲ့ချုပ်သည် နိုင်ငံရေးအဖွဲ့အစည်းမဟုတ်ဘဲ ဘာသာရေးအဖွဲ့အစည်းဖြစ်သည့်အားလျှော်စွာ အကြမ်းမဖက်သောနည်းဖြင့် အမျိုး၊ ဘာသာ၊ သာသနာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အကြမ်းမဖက်သည့်အဖွဲ့အစည်းများနှင့် ပူးပေါင်းလက်တွဲ၍ ဆောင်ရွက်သွားမည်ဟု သဘောထားထုတ်ပြန်ချက်ကဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org