Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ဖိအားပေးရန် အမေရိကန်သမ္မတကတော် တိုက်တွန်း

ဉာဏ်မောင်။ မေ ၂၄၊ ၂၀၀၇

နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးခြင်းခံထားရသော ဒေါ်အောင် ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အတွက် ကမ္ဘာ့နိုင်ငံအသီးသီးက မြန်မာစစ်အစိုးရအား ဖိအား ပေးတောင်းဆိုရန် အမေရိကန်သမ္မတကတော်က တိုက်တွန်း လိုက်သည်။ 

ယမန်နေ့က ဖွဲ့စည်းလိုက်သည့် အမေရိကန်အစိုးရ အထက် လွှတ်တော် အမျိုးသမီးအမတ် အများစုပါဝင်သောအဖွဲ့က အကျယ်ချုပ်ကျခံနေရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရေးအတွက် စစ်အစိုးရ အား ဖိအားပေးရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ထံ တိုက်တွန်းထားသည့် စာရေးသားပေးပို့ခဲ့ခြင်းဖြစ်သည်။ 

ဒီမိုကရေစီရေးအတွက် ဆောင်ရွက်ကြိုးပမ်းနေသူ အမေရိကန်အမျိုးသမီးများ၏ကိုယ်စား မစ္စလော်ရယ်ဘု(ရှ်)က “မြန်မာစစ်အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ မြန်မာပြည်သူတွေ ကိုယ်စား အိမ်နီးချင်းနိုင်ငံများအနေနဲ့ စစ်အစိုးရကို သီးခံနိုင်မှု နည်းပါးလာပြီဆိုတာကို မြန်မာ ပြည်သူတွေ သိစေချင်ပါတယ်။ ဒါဟာ သူတို့အတွက် အရေးကြီးပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီး ကလည်း မြန်မာပြည်သူတွေနဲ့အတူ ခံစားချက်ကို ဖော်ပြပေးကြပါ” ဟု ဆိုသည်။ 

ယခုအပတ် တနင်္ဂနွေနေ့တွင် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက တနိုင်ငံလုံးအတိုင်းအတာ မဲအပြတ်အသတ် အနိုင်ရရှိခဲ့သည်မှာ (၁၇)နှစ်ပြည့်မည်ဖြစ်သော်လည်း စစ်အစိုးရအနေဖြင့် အဆိုပါရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုခဲ့ပေ။ 

မကြာသေးမီရက်ပိုင်းအတွင်းကလည်း ဒေသတွင်းနိုင်ငံတခုဖြစ်သည့် မလေးရှားနိုင်ငံခြားရေး ဝန်ကြီး ဆရက်ဟာမစ်အယ်(လ်)ဘာက အာစီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် တနိုင်ငံချင်း အကျိုး စီးပွားကို မကြည့်ဘဲ အာစီယံအဖွဲ့တခုလုံး၏ အကျိုးစီးပွားကိုကြည့်ကာ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ကြိုးပမ်းကြရန် အာစီယံနိုင်ငံများကို တိုက်တွန်းခဲ့သည်။ 

သို့သော် စစ်အစိုးရက ယခုအချိန်အထိ (NLD)ပါတီ၏ အထွေထွေအတွင်းရေးမှူး ဒေါ်အောင် ဆန်းစုကြည်အပါအ၀င်  နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ပြည်တွင်းပြည်ပမှ တောင်းဆိုလှုပ်ရှားမှုများကို လျစ်လျူရှုနေဆဲဖြစ်သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org