Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ကိုမြင့်လှိုင်အာမခံကို တရားရုံးက ထပ်မံပယ်ချခဲ့

ဗထူး။ မေ ၂၈၊ ၂၀၀၇

ငြိမ်ဝပ်ပိပြားမှုကို ခြိမ်းခြောက်မှုနှင့် ဆူပူရန် သွေးထိုး လှုံ့ဆော်မှုဖြင့် အာဏာပိုင်များ၏ တရားစွဲဆိုခြင်း ခံထားရသည့် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူ များ(HRDP) အဖွဲ့ဝင် ကိုမြင့်လှိုင်၏ အာမခံလျှောက် ထားချက်ကို တရားရုံးက ပယ်ချခဲ့သည်။

အာဏာပိုင်များ၏ ရိုက်နှက်ခြင်းခံရကာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည့် ကိုမြင့်လှိုင်၏ ကျန်းမာရေး အခြေအနေကြောင့် တရားရုံးသို့ တင်ပြထားခဲ့သည့် အာမခံရယူရန် လျှောက်ထားချက်ကို ဟင်္သာတ မြို့နယ်တရားရုံးက ယခုလ (၂၅)ရက်နေ့က ပယ်ချခဲ့ ခြင်း ဖြစ်သည်။

“လယ်ယာလုပ်တဲ့အချိန် ဖြစ်တယ်။ မိသားစုကလည်း သူ့ကို မှီခိုနေရတာရယ်၊ နောက် သူရထား တဲ့ ဒဏ်ရာက ဆေးရုံကဆင်းသော်လည်းပဲ သက်သာခြင်းမရှိသေးဘူးပေါ့။ အဲ့ဒီသုံးချက်နဲ့ (၂၄)ရက်နေ့က လျှောက်ထားခဲ့တာကို တရားသူကြီး ဦးအောင်မင်းက ပယ်ချခဲ့တာ။ ကြည့်ရတာတော့ တရားသူကြီးကိုလည်း အထက်က ဖိအားပေးထားပုံပဲ”ဟု တရားရုံးသို့ သွားရောက်ခဲ့သူတဦးက ဆိုသည်။

အဆိုပါနေ့က အုတ်ပုံရွာမှ ကျေးရွာသား (၁၀)ဦး လာရောက်ခဲ့ပြီး ကိုမြင့်လှိုင်မိခင်အိမ်တွင် တည်းခိုရာ (ရယက)မှ ဧည့်စာရင်းတိုင်ကြားခြင်းကို လက်မခံသဖြင့် မြို့နယ် (မယက)သို့ သွား၍ တိုင်ကြားမှသာ (မယက)ညွှန်ကြားချက်အရ ဧည့်စာရင်းကို လက်ခံသော်လည်း ညအချိန်တွင် အာဏာပိုင်များက  သုံးကြိမ်တိတိ လာရောက်စစ်ဆေးခဲ့သည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။ 

ယခုနှစ်၊ ဧပြီလ (၁၈) ရက်နေ့က လူ့အခွင့်အရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် (HRDP) အဖွဲ့ဝင်များကို လူအင်အား (၁၀၀)ခန့်ရှိသော အာဏာပိုင်နှင့် စွမ်းအားရှင်အဖွဲ့များက အုတ်ပုံ ကျေးရွာအနီးတွင် အကြမ်းဖက် ရိုက်နှက်ခဲ့သဖြင့် (HRDP)အဖွဲ့ဝင်နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ ခဲ့သည်။ 

ဒဏ်ရာရရှိခဲ့သူ (HRDP)အဖွဲ့ဝင် ကိုမြင့်လှိုင်နှင့် အုတ်ပုံရွာသား (၅)ဦးကို အကြမ်းဖက်မှုတွင် ပါဝင်သော အာဏာပိုင်များက တရားစွဲဆိုခဲ့ပြီးနောက် ဟင်္သာတမြို့နယ်တရားရုံးက ယခုလ (၂) ရက်နေ့တွင် ၄င်းတို့ (၆)ဦးအား ရဲကျင့်ထုံးဖြင့် အမှုစစ်ဆေးစဉ် ချုပ်နှောင်ရန် အမိန့်ချခဲ့ပြီး ကိုမြင့်လှိုင်၏ ကျန်းမာရေးကြောင့် အယူခံတင်သွင်းခြင်းကို ပထမအကြိမ် ပယ်ချခဲ့သည်။  

မြန်မာနိုင်ငံတ၀ှမ်း လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ၏ လုပ်ငန်းများကို အာဏာပိုင်များက နည်မျိုးစုံဖြင့် နှောင့်ယှက်တားမြစ်နေသလို ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား များ လွတ်မြောက်ရေးအတွက် အေးချမ်းစွာ ၀တ်ပြုဆုတောင်းခဲ့သည့် လူအခွင့်အရေးလှုပ်ရှားသူ မစုစုနွေးအပါအ၀င် (NLD)ပါတီဝင် (၄၀)ခန့်ကိုလည်း စစ်အစိုးရက ဖမ်းဆီးထားဆဲဖြစ်သည်။ 

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org