Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

အမိန့်ထုတ်သဖြင့် လျှပ်စစ်ဌာနများ အာရုံဆွမ်းကပ်ရ

ဗထူး။ မေ ၁၅၊ ၂၀၀၇

စစ်အစိုးရ နေပြည်တော်ရုံးစိုက်ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ နိုင်ငံတ၀ှမ်းရှိ လျှပ်စစ်ဌာန များအား ယနေ့နံနက်တွင် အာရုံဆွမ်းကပ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။ 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့်၏ အမိန့်ညွှန်ကြားချက်ဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အမိန့်ထုတ်ပြန်ခဲ့ခြင်းကြောင့် လျှပ်စစ်ဌာနရုံးများတွင် ယနေ့နံနက်က အာရုံဆွမ်းကပ်ခဲ့ရခြင်းဖြစ်သည်။  

တနိုင်ငံလုံးရှိ လျှပ်စစ်ဌာနများမှ တာဝန်ရှိသူများထံ ရောက်ရှိလာသော အဆိုပါအမိန့်စာတွင် အာရုံဆွမ်းအား ကြာဇံကျော်၊ ကြာဇံချက်ဖြင့် မပျက်မကွက်ကပ်ရန် တိကျစွာ ညွှန်ကြားထား သည်ဟု ဆိုသည်။ 

“ညွှန်ကြားချက်ကိုတော့ ကျနော်တို့မသိဘူး၊ အေအီး (Assistance Engineer)တွေပဲ သိမယ်၊ ကြည့်မြင်တိုင် နတ်စင်လမ်းက ရုံးမှာတော့ ဒီနေ့မနက် အာရုံဆွမ်းကပ်တာ ဟုတ်ပါတယ်။ ရုံးအဖွဲ့ တွေလုပ်တာ၊ ကြာဇံကျော်နဲ့ကြာဇံချက် အာရုံဆွမ်းကပ်တာ။ ၀န်ထမ်းတွေလည်းသွားရတယ်၊ ဒီနေ့တရက်တည်းလို့ ပြောတယ်”ဟု လှည်းတန်းမီးပွိုင့်အနီးရှိ အရေးပေါ်မီးပျက် ပြုပြင်ရေးရုံးမှ အမည်မဖော်လိုသည့် ၀န်ထမ်းတဦးက ဆိုသည်။ 

လျှပ်စစ်ဝန်ကြီးညွှန်ကြားချက်တွင် ကြာဇံကျော်နှင့် ကြာဇံချက်ကပ်ရာတွင် ဓါတ်ပုံရိုက်ယူ၍ သတင်းနှင့် အထောက်အထားကို နေပြည်တော်သို့ အမြန်ပို့ဆောင်ရန် အမိန့်ညွှန်ကြားချက်တွင် ပါဝင်သည်။ 

ရန်ကုန်မြို့နေ ပြည်သူတဦးက ထိုသို့လုပ်ဆောင်ခြင်းသည် စစ်အစိုးရအနေဖြင့် ယတြာချေ ခြင်းသာ ဖြစ်နိုင်ပြီး ယခင်ကလည်း ကြက်ဆူပင်များ တနိုင်ငံလုံးအတိုင်းအတာဖြင့် စီမံချက်ချ စိုက်ပျိုးမှုများသည်လည်း ယတြာချေခြင်းသာဖြစ်သည်ဟု ဆိုသည်။ 

ကွယ်လွန်သူ အာဏာရှင်ဟောင်း ဦးနေ၀င်းသည်လည်း ဗေဒင်ကိန်းဂဏန်းနှင့် ယတြာချေသည့် လုပ်ဆောင်မှုကို သက်ဝင်ယုံကြည်သူတဦးဖြစ်ပြီး ယခုလက်ရှိ စစ်ခေါင်းဆောင်အများစုသည် လည်း အဆိုပါ ယတြာချေသည့် လုပ်ရပ်ကို သက်ဝင်ယုံကြည်သူများဖြစ်သည်။  

စစ်အစိုးရအနေဖြင့် ယင်းတို့လက်အောက်ရှိ အဖွဲ့အစည်းများသို့ အခါအားလျှော်စွာ ထုတ်ပြန် ချက်နှင့် အမိန့်ညွှန်ကြားချက်များပေးပို့ခဲ့ရာ ယခုကဲ့သို့ အာရုံဆွမ်းကပ်ရာတွင် ပါဝင်ရမည့် ဆွမ်းအမျိုးအမည်ကိုပါ ထည့်သွင်းညွှန်ကြားခဲ့ခြင်းမှာ ထူးခြားလျှက်ရှိသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org