Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

အာဏာပိုင်များအား စွဲဆိုထားသည့်အမှု လကုန်ပိုင်းတွင်ဆုံးဖြတ်မည်

ရိုးမ ၃။ မေ ၁၉၊ ၂၀၀၇

လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ(HRDP) အဖွဲ့ဝင်များက အကြမ်းဖက် ရိုက်နှက်ခဲ့သည့် အာဏာပိုင်များအား ပြန်လည်တရားစွဲဆိုထားသည့် အမှုကို ယခုလကုန်ပိုင်းတွင် ဆုံးဖြတ်ရန် ဟင်္သာတမြို့နယ် တရားရုံးက ချိန်းဆိုလိုက်သည်။ 

အကြမ်းဖက်ရိုက်နှက်မှုတွင် ပါဝင်သည့် အာဏာပိုင်များက (HRDP)အဖွဲ့ဝင်နှစ်ဦးနှင့် ကျေးရွာ သားများကို တရားစွဲဆိုထားသည့် တရားလိုသက်သေများကို ယမန်နေ့က ဟင်္သာတမြို့နယ် တရားရုံးတွင် ဆက်လက်စစ်ဆေးခဲ့သည်။ 

တရားလိုသက်သေများအား (HRDP)အဖွဲ့ဝင်များ၏ အကျိုးဆောင်ရှေ့နေ ဦးအောင်သိန်းက ယမန်နေ့က စစ်ဆေးမေးမြန်းခဲ့ပြီး (HRDP)အဖွဲ့မှ ကိုမြင့်လှိုင်က အာဏာပိုင်များအား စွဲဆိုထား သည့်အမှုကို တရားရုံးက ဆုံးဖြတ်ရန် ရက်ချိန်းပေးလိုက်သည်ဟု ဆိုသည်။ 

“အမှန်တော့ ကိုမြင့်လှိုင်တို့ကနေပြီးတော့ (ရယက)အပါအဝင် ရဲတွေကို တရားစွဲတယ်။ ရဲ အရာရှိတွေ၊ နောက်တော့ ကြံ့ဖွံ့လူအပါအဝင် တရားစွဲတဲ့အခါမျိုးကျတော့ ရဲ Report တက်လာ တာပေါ့။ တရားရုံးက ကျေနပ်မှုမရှိသေးဘူး။ ထပ်ပြီးတော့ စုံစမ်းခိုင်းထားတယ်။ အဲဒါကို သူတို့ က (၃၀)ရက်နေ့ ချိန်းထားတယ်။ ကိုမြင့်လှိုင်တို့စွဲတဲ့အမှုကို လက်ခံသင့်၊ မခံသင့် ဘယ်လို ပုဒ်မနဲ့ စွဲမယ်ဆိုတာကို (၃၀)ရက်နေ့မှ တရားရုံးက အမိန့်ချမယ်”ဟု ရှေ့နေ ဦးအောင်သိန်းက ဆိုသည်။  

ပြီးခဲ့သည့်လ (၁၈)ရက်နေ့က ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ အုတ်ပုံကျေးရွာအနီးတွင် လူ့အခွင့်အရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် (HRDP)အဖွဲ့အား မြို့နယ်၊ ကျေးရွာနှင့် ရဲများ၊ ကြံ့ဖွံ့ အဖွဲ့က လူအင်အား (၂၀၀)ခန့်ကို အသုံးပြုကာ အကြမ်းဖက် ရိုက်နှက်ခဲ့သဖြင့် (HRDP)မှ ကိုမြင့်လှိုင်နှင့် ကိုမောင်မောင်လေးတို့နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရှိခဲ့ပြီးနောက် နှစ်ဖက်စလုံးမှ အပြန်အလှန် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ 

ယမန်နေ့က တရားရုံးတွင် (HRDP)အဖွဲ့နှင့် ကျေးရွာသားများအား အင်္ဂပူကျေးရွာဥက္ကဋ္ဌမှ ကိုမြင့်လှိုင်နှင့် ကိုကျော်လွင်တို့နှစ်ဦးအား စွဲဆိုထားသည့် အမှုနှင့်ပတ်သက်သည့် တရားလိုပြ သက်သေ ရာအိမ်မှူး အောင်စိုးနှင့် ကိုမြင့်လှိုင်နှင့် (၅)ဦးကို အမှုစွဲဆိုထားသည့် အုတ်ပုံကျေးရွာ ဥက္ကဋ္ဌ၏ တရားလိုပြသက်သေ ဦးကံမြင့်နှင့် သန်းဦးတို့ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။  

အကြမ်းဖက်မှုမဖြစ်ပွားမီ တရက်အလိုတွင် အုတ်ပုံရွာမှ ဦးလှရှိန်ဆိုသူအိမ်တွင် အလှူလုပ်သည့် ရဟန်းခံပွဲရှိပြီး ဘုန်းကြီးကျောင်းတွင်လည်း တရားထိုင်စခန်းသိမ်းပွဲရှိခဲ့ရာ ကိုမြင့်လှိုင်တို့မှာ ဦးလှရှိန်အိမ်တွင် ရှိနေစဉ် အသံချဲ့စက်မှ အသံကြောင့် တရားထိုင်၍မရဖြစ်ခဲ့ရသည်ဟု အုတ်ပုံ ကျေးရွာဥက္ကဋ္ဌ၏ သက်သေများက တရားရုံးသို့ ထွက်ဆိုခဲ့သည်။ 

“အသံချဲ့စက်က (မယက)  ခွင့်ပြုချက်နဲ့ ဖွင့်တာ။ ဒါကို ဆူညံတယ်ပေါ့၊ တရားထိုင်လို့မရဘူး၊ စည်းလုံးညီညွတ်မှု ဖြိုခွဲတယ်ပေါ့ဗျာ။ ဒီလိုစွဲတာ၊ တရားရုံးကတော့ ပုံမှန်အနေအထားကို မြင်တော့မြင်နေပါပြီ”ဟု ဦးအောင်သိန်းက ဆိုသည်။ 

အာဏာပိုင်များက (HRDP)အဖွဲ့အား တရားစွဲဆိုထားသည့် အမှုကို ဆက်လက်စစ်ဆေးရန် ဟင်္သာတမြို့နယ်တရားရရုံးက ယခုလ (၂၄) နှင့် (၂၅) ရက်၊ နှစ်ရက်ဆက်တိုက် ရုံးချိန်းအဖြစ် သတ်မှတ်ခဲ့ကြောင်း ဦးအောင်သိန်းက ဆက်လက်ပြောဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org