|
လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများနှင့် ပြည်သူအချို့ကို ဖမ်းဆီး
တရားလိုများ ရုံးချိန်းမလာရောက်
ဗထူး။ မေ ၃၊
၂၀၀၇
လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ (HRDP) အဖွဲ့ဝင်အချို့နှင့်
ပြည်သူအချို့အား အာဏာပိုင်များက ယမန်နေ့က ဖမ်းဆီးလိုက်သည်။
ယမန်နေ့က
ဟင်္သာတမြို့တရားရုံးတွင် အာဏာပိုင်များ၏တရားစွဲဆိုမှုဖြင့် (HRDP)
အဖွဲ့ဝင် အချို့နှင့် ကျေးရွာသားအချို့ကို
ရုံးချိန်းသတ်မှတ်ခဲ့ပြီးနောက် တရားရုံးက ဖမ်းဆီးရန် အမိန့်ချ
မှတ်ခဲ့ခြင်းဖြစ်သည်။
(HRDP)
အဖွဲ့ဝင် ကိုမြင့်လှိုင်၊ ကိုကျော်လွင်နှင့်
လူ့အခွင့်အရေးကိစ္စရပ်များကို စိတ်ဝင်တစား နားထောင်ခဲ့သူ ကျေးရွာသား ၎
ဦးကို ဟင်္သာတမြို့နယ်၊ ကညင်ငူကျေးရွာအုပ်စု၊ အုတ်ပုံ ကျေးရွာ
(ရယက)ဥက္ကဋ္ဌက နိုင်ငံတော်အကြည်အညိုပျက်စေမှု၊ ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်
စေမည့် လူစုလူဝေးဖြင့် လှုပ်ဆော်ရန် လုပ်ဆောင်မှု ပုဒ်မ ၅၀၅ (ခ) (ဂ)
တို့ဖြင့် တရားစွဲဆို ခဲ့သည်။
ပြီးခဲ့သည့်လ (၁၈) ရက်နေ့က လူ့အခွင့်အရေးလုပ်ငန်းများလုပ်ဆောင်ရန်
ဟင်္သာတမြို့နယ် အတွင်း ခရီးသွားရောက်ခဲ့သော (HRDP) အဖွဲ့ဝင်များအား
မြို့နယ် (မယက)၊ ကြံ့ဖွံ့နှင့် ရဲများက ကညင်ငူကျေးရွာအုပ်စု၊
အုတ်ပုံကျေးရွာအနီးတွင် လူစုလူဝေးဖြင့် အကြမ်းဖက် တိုက်ခိုက်ခဲ့
သောကြောင့် (HRDP) အဖွဲ့ဝင်နှစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
(HRDP)
အဖွဲ့က အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုတွင် ကိုယ်ထိလက်ရောက်
ကျူးလွန်ပါဝင်သော အာဏာပိုင်များအား အရေးယူရန် ဥပဒေကြောင်းအရ
တလုတ်ထော်ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားသော်လည်း
အဆိုပါတိုင်ကြားချက်ကို ချန်လှပ်ထားပြီး အာဏာပိုင်များ၏ တရားစွဲ
ဆိုချက်ကို စတင်ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
“ကိုမြင့်လှိုင်တို့ ၆ ယောက်ကို ဖမ်းထားလိုက်တယ်။ ထောင်ကြီးချုပ်မှာ
ထားတယ်။ အမှုကို (၄)ရက်နေ့ ချိန်းလိုက်တယ်။ ကိုမြင့်လှိုင်ရဲ့အမှုကို
သူတို့ လက်ခံထားလိုက်တယ်။ (၇၇၉/၂၀၀၇)နဲ့ ဦးတိုက်လျှောက်လွှာ
လက်ခံထားတယ်ဆိုပြီးတော့ ရဲကျင့်ထုံးနဲ့ ပြန်စစ်အုံးမှာပေါ့လေ။
တရားသူကြီးက ဒေါ်မြင့်မြင့်စန်းပါ၊ တရားလိုဘက်က ရုံးတက်မလာဘူး”ဟု (HRDP)
အဖွဲ့ဝင် တဦးက ဆိုသည်။
တရားရုံးတွင် ကိုမြင့်လှိုင်က အာမခံရရန်လျှောက်ထားရာ တရားသူကြီးက
သက်သေအထောက် အထားများ တောင်းဆိုခဲ့သဖြင့် ဒဏ်ရာဖြင့်
ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက်ကုသခဲ့သည့် ဆေးစစ်ချက်မှတ်တမ်းများအား
ပြသခဲ့သည်။ သို့သော် အာဏာပိုင်များဘက်မှ ဥပဒေအရာရှိ ဦးမြင့်ဆွေက
အဆိုပါဆေးမှတ်တမ်းများသည် ရောဂါပျောက်ကင်းသည့် ဆေးမှတ်တမ်းဖြစ်
သည့်အတွက် အာမခံမပေးရန် တင်ပြချက်ကို တရားသူကြီးက လက်ခံကာ
ရဲချုပ်နှောင်မှုဖြင့် ဖမ်းဆီးရန် အမိန့်ချမှတ်ခဲ့သည်ဟု ၄င်းက ဆိုသည်။
အာဏာပိုင်များအနေဖြင့် (HRDP) အဖွဲ့မှ အမှုဖွင့်တိုင်ကြားခဲ့သော်လည်း
အကြမ်းဖက်မှုတွင် ပါဝင်သည့် တာဝန်ရှိသူများကို ယနေ့အချိန်အထိ
ဆင့်ခေါ်ခြင်း၊ စုံစမ်းမေးမြန်းခြင်းများကို တစုံတရာ မပြုလုပ်သေးကြောင်း
ဒေသခံတဦးက ဆိုသည်။
“ကျနော်တို့ကစွဲထားတဲ့ ဦးတိုက်လျှောက်လွှာကိုတော့ သူတို့က
ရဲကိုကျင့်ထုံး (၂၀၀)ဆိုတာ ရှိတယ်၊ ရဲစုံစမ်းစစ်ဆေးရန်ဆိုပြီး
ပြန်ချထားတယ်လို့တော့ အကြမ်းဖျဉ်းသိရတယ်၊ သတ်မှတ် ထားတဲ့
(၄)ရက်နေ့ရုံးချိန်းကို ကျနော်နဲ့ ရှေ့နေကြီးဦးအောင်သိန်းတို့
ကိုယ်တိုင်သွားမှာပါ”ဟု (HRDP) အဖွဲ့မှ ဦးမြင့်အေးက ဆိုသည်။
ယမန်နေ့က
ဟင်္သာတမြို့နယ်တရားရုံးသို့ စိတ်ဝင်စားသူများ လာရောက်ခဲ့ပြီး (HRDP)
အဖွဲ့ဝင် တဦးထံမှ အသံဖမ်းစက်တလုံးကို အာဏာပိုင်များက
သိမ်းဆည်းလိုက်ပြီး အာဏာပိုင်များ ဘက်မှ ဓါတ်ပုံမှတ်တမ်းများ
စတင်ရိုက်ခဲ့သည့်အတွက် (HRDP) ကလည်း ဓါတ်ပုံ ပြန်လည် ရိုက်ယူခဲ့ရာ
နှစ်ဖက်အကြား အချင်းပွားမှု အနည်းငယ် ဖြစ်ပွားခဲ့သည်။
“ကျနော်တို့
(HRDP) ရန်ကုန်ကသွားတဲ့ လူအပါအ၀င် နယ်အသီးသီးက ရောက်လာတဲ့ (HRDP)
တွေလည်း ရှိသလို စိတ်ပါဝင်စားတဲ့ မြို့သူမြို့သားတွေ လာကြည့်တာ
အများကြီးပါပဲ”ဟု ကိုယ်တိုင်သွားရောက်ခဲ့သူတဦးက ပြောသည်။
ယခုအမှုရင်ဆိုင်နေရသည့် ကိုမြင့်လှိုင်၏ ကျန်းမားရေးအခြေအနေမှာ
ခေါင်းမူးကာ စကားကို အချိန်အကြာကြီး ပြောဆိုနိုင်ခြင်းမရှိသေးသည်မှာ
အဆိုးဝါးဆုံးဖြစ်ပြီး ဒဏ်ရာချုပ်ရိုးဖြေထား သဖြင့် ညံ့ဖျင်းလှသည့်
ထောင်အချုပ်များ၏ ဆေးဝါးမလုံလောက်သည့် ပြဿနာနှင့်
အစားအသောက်များကြောင့် ကျန်းမာရေး ပိုမိုထိခိုက်လာနိုင်သည်ဟု ၄င်းက
ဆက်လက် ပြောဆိုခဲ့သည်။ |