Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ရေကြီးသည့်နေ့က မီးလာသောကြောင့် လူ (၅)ဦးသေဆုံး

ဗထူး။ မေ ၇၊ ၂၀၀၇

ယခုလ (၄) ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ရေလွှမ်းမိုးမှုဖြစ်ခဲ့ပြီး ရန်ကုန်မြို့ တွင် လူ (၅)ဦး လျှပ်စစ်မီးဝါယာရှော့ဖြစ်ကာ သေဆုံးခဲ့သည်။ 

ရန်ကုန်မြို့နယ်အများအပြားတွင် မိုးများရွာသွန်းခဲ့ပြီးနောက် ရေလွှမ်းမိုးမှုများဖြစ်ခဲ့ကာ အလုံ မြို့နယ်တမြို့နယ်ထဲတွင် မိသားစု (၄)ဦးအပါအ၀င် အခြားအမျိုးသမီးတဦးတို့ လျှပ်စစ်မီး ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။

ကမ္ဘာအေး မိုးလေ၀သနှင့်ဇလဗေဒဌာမှ တိုင်းတာချက်အရ အဆိုပါနေ့က မိုးရေချိန် (၁၃.၅၄) လက်မရှိပြီး (၃၉)နှစ်အတွင်း အဆိုးရွားဆုံး ရေလွှမ်းခဲ့ရာ မြင့်တက်လာသော ရေအရှိန်ကြောင့် ကွန်ကရစ်နံရံများနှင့် သစ်ပင်များပြိုလဲကာ လမ်းများပိတ်ဆို့ခဲ့သည်။ 

အဆိုပါရေလွှမ်းမိုးချိန် သေဆုံးမှုအား မေလ (၅)ရက်နေ့ထုတ် စစ်အစိုးရသတင်းစာတွင် ဖော်ပြ ထားပြီး လျှပ်စစ်မီးအားမြှင့်စက် ၀ါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းခဲ့သဖြင့် မီးခိုးမွှန်ကာ လူ (၄) ဦး သေဆုံးကာ လမ်းမပေါ်တွင် မီးကြိုးပြတ်ကျသည်ကို နင်းမိ၍ အမျိုးသမီးကြီးတဦး ဓါတ်လိုက် သေဆုံးကြောင်း ဖော်ပြထားသည်။ 

မိုးခိုးမွှန်တာလား၊ ဓာတ်လိုက်တာလားတော့ မသိဘူး။ ကျွန်တော်ကြားတာကတော့ အိမ်ထဲ ရေဝင်ပြီး မီးအားမြှင့်စက်ထဲကို ရေဝင်သွားတာပဲ။ အိပ်နေတဲ့အချိန်လို့တော့ ပြောတယ်။ မိုးရွာ ရင်တော့ မီးလာတယ်ဗျ။ မိုးမရွာရင် ရေရော မီးရောမလာဘူး” ဟု အလုံမြို့နယ်တွင်နေထိုင်သူ တဦးက ဆိုသည်။ 

ရန်ကုန်ရှိမြို့နယ်အတော်များများတွင် လျှပ်စစ်မီးနှင့် ရေ ပုံမှန်မရဖြစ်နေချိန် ယခုဖြစ်ရပ်မှာ အများအတွက် ပြောစရာဖြစ်နေပြီး ၄င်းအနေဖြင့် ဂျိုးဖြူပိုက်ရေကို အသုံးပြုရသည့်အတွက် မိုးရွာသည့်အချိန်တွင် ရေအနည်းငယ်လာပြီး နေပူသည့်နေ့များတွင် ညသန်းခေါင်ကျော်အချိန် (၂) နာရီနှင့် (၃) နာရီလောက်တွင် ကြွက်မြီးလောက်လာသည့်ရေကို ခံသုံးရကြောင်း ဆက်လက်ပြောဆိုသည်။ 

အဆိုပါနေ့က လမ်းဘေးရှိ အရောင်းဆိုင်များနှင့် အရောင်းစင်တာများ ပိတ်ထားခဲ့ရပြီး မီးသတ် ဦးစီးဌာနမှ ရေများစုပ်ထုတ်ခဲ့ရကာ ကားများကို ကရိန်းဝန်ချီစက်များဖြင့် ဆွဲတင်ခဲ့ရသည်။ 

“ဒဂုန်စင်တာက Underground မှာက ကားပါကင်ရှိတယ်လေ။ အဲဒီမှာ ကားတွေ တော်တော် များများ ရေဝင်သွားတော့ မောင်းလို့မရတော့ဘူး။ မီးသတ်ကနေ ကွန်ပရတ်စာနဲ့ စုပ်ထုတ်ရ တယ်။ အဲဒါတော့ မြင်တယ်ဗျ။ သမိုင်းလမ်းဆုံက ဆိုင်တွေကတော့ ပိတ်လိုက်ရတယ်။ ဒံပေါက် ဆိုင်တွေ ဘာတွေ ရေဝင်သွားတယ်။ ဗဟိုလမ်း ကားမောင်းလို့မရဘူး။ ဒဂုန်စင်တာနားက ဗားကရာလမ်းမကြီးပေါ်မှာ ရေတွေနဲ့  ကားလုံးဝမောင်းလို့မရတော့ဘူး။ မြေနီကုန်းလမ်းတို့ ဓမ္မာရုံလမ်းတို့က ကားဘီးကျော်ကျော်လေး မြုပ်တယ်”ဟု ရန်ကုန်မြို့နေသူတဦးက ဆိုသည်။

အလုံသစ်တောရပ်ကွက်နေသူတဦးက“ဓာတ်ကြိုးက ရေအိုင်ပေါ်ကျနေတယ် အဲဒါ တာဝန်ရှိတဲ့ လူက လာမရှင်းဘူး၊ နင်းမိသွားတယ်၊ သေသွားတယ်။ ဓာတ်ကြိုးကျရင် အချိန်မှီမပြင်နိုင်ဘူး။ သေသွားမှပဲ လာပြင်ကြတာပဲ။ ဒါကထုံးစံလို ဖြစ်နေပြီ”ဟု ပြောသည်။  

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org