|
မြန်မာစစ်အစိုးရသည်
ဒေသတွင်းတည်ငြိမ်ရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်သည်ဟုဆို
ဉာဏ်မောင်။
မေ ၂၊ ၂၀၀၇
အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ပြုလုပ်သော
ဒေသတွင်းပါလီမန်အမတ်များသမဂ္ဂ (IPU) က ပြီးခဲ့သည့် တနင်္ဂနွေနေ့က
မြန်မာစစ်အစိုးရ၏ အုပ်ချုပ်ရေးညံ့ဖျင်းမှုကြောင့် ဒေသတွင်းတည်ငြိမ်
ရေးကို ဆိုးကျိုးများဖြစ်ထွန်းစေသည်ဟု ဆိုသည်။
၆ ရက်ကြာ
ကျင်းပပြုလုပ်ခဲ့သည့် (၁၁၆) ကြိမ်မြောက် (IPU) တွေ့ဆုံပွဲတွင်
မြန်မာစစ်အစိုးရ၏ အုပ်ချုပ်ရေးညံ့ဖျင်းမှုကြောင့်
ဒေသဆိုင်ရာတည်ငြိမ်ရေးနှင့် လုံခြုံရေးကို ဆိုးကျိုးများဖြစ်ထွန်း
စေနိုင်ကြောင်း စာတမ်းဖတ်ပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါစာတမ်းဖတ်ပွဲကို ဘာလီနိုင်ငံတကာညီလာခံစင်တာ (BICC) တွင်
ပြည်ထောင်စုမြန်မာ နိုင်ငံညွန့်ပေါင်းအစိုးရ (NCGUB) နှင့်
မြန်မာ့အရေးဆောင်ရွက်နေသော အာစီယံပါလီမန်အမတ် များအဖွဲ့(AIPMC) တို့က
ပူးတွဲကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ
တွင် ဆုံးဖြတ်ချက်အဆိုကို အားပေးရန် ဦးဆောင်သူများက တက်ရောက်လာသည့်
အမတ်များ ကို တိုက်တွန်းခဲ့သည်။
မြန်မာပြည်စစ်အုပ်ချုပ်ရေးမှ နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့်အာစီယံအပေါ်
အကျိုးသက်ရောက်မှု ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည့် အင်ဒိုနီးရှားပါလီမန်
ပြောရေးဆိုခွင့်ရှိသူ အက်ဂွန်လက်စိုနိုက “မြန်မာပြည်၏ ပျက်စီးနေသော
ပြဿနာများမှာ အိမ်နီးချင်းနိုင်ငံများက ဦးတည်ပျံ့နှံ့နေသည်မှာ
ထင်သာမြင်သာရှိသည်”ဟု ဆိုသည်။
(AIPMC)
ဒုတိယဥက္ကဌနှင့် ဖိလစ်ပိုင်အထက်လွှတ်တော်အမတ်ဖြစ်သူ
အကွိလီနိုကျူပိမင့်တယ် က အာစီယံ နိုင်ငံများအနေဖြင့် မြန်မာ့အရေးအပေါ်
ခိုင်မာပြတ်သားစွာ ရပ်တည်သင့်ပြီး နိုင်ငံရေးပါတီများ လုံးဝမပါဝင်သော
နှစ်ရှည်လများ ဟန်ပြလုပ်နေသည့် အမျိုးသားညီလာခံမှ ဒီမိုကရေစီ
(သို့မဟုတ်) လမ်းပြမြေပုံဟု အမည်တပ်ထားသည့် ရောင်းကုန်ပစ္စည်းကို မ၀ယ်
သင့်ဘဲ အာစီယံအနေဖြင့် လက်ရှိအခြေအနေနှင့် အဖြစ်မှန်များကို သိသင့်ပြီး
စစ်အစိုးရအပေါ် ကျင့်သုံးနေသည့် ပေါ်လစီများကို ပြုပြင်သင့်ကြောင်း
ပြောဆိုခဲ့သည်။
အာစီယံပါလီမန်အမတ်များအဖွဲ့ကို မြန်မာ့အရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာ
မိမိတို့အစိုးရများ အပေါ် ဖိအားပေးဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့်
ဖွဲ့စည်းခဲ့သော်လည်း ယခုလက်ရှိအချိန် အထိ အာစီယံအဖွဲ့ဝင်နိုင်ငံ
အစိုးရများအနေဖြင့် မြန်မာစစ်အစိုးရ၏ လုပ်ရပ်ကြောင့် ဒေသတွင်း
တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိခိုက်နေကြောင်း ယနေ့အချိန်အထိ
တရားဝင်ပြောဆိုခဲ့ခြင်း မရှိသေးပေ။
အဆိုပါစာတမ်းဖတ်ပွဲသို့ တက်ရောက်လာသည့် နော်ဝေနိုင်ငံ
ပါလီမန်အမတ်များသမဂ္ဂအဖွဲ့ကို ဦးဆောင်လာသူ ဖင်းအမ်ဘော်လာ(စ်)နီ(စ်)က
“ကျနော့်အနေနဲ့ စစ်အုပ်ချုပ်ရေးစနစ်ကို ထုတ်ပယ်ပစ်ဖို့
အချိန်ကျရောက်ပြီလို့ ယုံကြည်ပါတယ်။ ဒီမိုကရေစီမကျတဲ့ အုပ်ချုပ်ရေးစနစ်
တွေကို ကမ္ဘာကြီးအနေနဲ့ ပို၍ခွင့်မပြုသင့်တော့သလို ပြည်သူလူထုတွေကလည်း
မလိုလားတော့ ပါဘူး၊ ပြည်သူတွေက သူတို့ရဲ့လုံခြုံရေး၊ လူ့အခွင့်အရေးနဲ့
ဒီမိုကရေစီအနှစ်သာရတွေကိုသာ လိုချင်ကြ ပါတယ်”ဟု ဆိုသည်။
ဒေသတွင်းပါလီမန်အမတ် (၆၀) တက်ရောက်ခဲ့သည့် အဆိုပါစာတမ်းဖတ်ပွဲ
စလျှင်စချင်း မြန်မာနိုင်ငံမှ ထိန်းသိမ်းခံထားရသော
ပါလီမန်အမတ်များအကြောင်း ဦးစားပေး၍ဖေါ်ပြပြီး ဒေသအတွင်း
ပါလီမန်အမတ်များသမဂ္ဂ၏ လူ့အခွင့်အရေးကော်မတီ ဥက္ကဌဖြစ်သူ အထက်
လွှတ်တော်အမတ် ဖရစ်ကလင်အမ်ဒရီလွန်က အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။
ယမန်နေ့
ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့(စ်)သတင်းစာ အယ်ဒီတာအာဘော်ကလည်း မြန်မာ
နှင့် မြောက်ကိုရီးယားအစိုးရတို့ သံတမန်ဆက်သွယ်မှု
ပြန်လည်တည်ဆောက်ခဲ့သည့်အတွက် သားသတ်သမား မြန်မာအစိုးရနှင့် ကမ္ဘာကြီးကို
ခြိမ်းခြောက်နေသည့် မြောက်ကိုရီးယားအစိုးရ တို့
လက်မှတ်ရေးထိုးလိုက်ခြင်းသည် ဒေသဆိုင်ရာ တည်ငြိမ်ရေးနှင့်
လုံခြုံရေးကို အကြီးမားဆုံး ခြိမ်းခြောက်လိုက်သည်ဟု ဖော်ပြထားသည်။
|