Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

မတရားထောင်ချခံရသည့် ကျောင်းအုပ်တဦးတရားရုံးတွင် အယူခံဝင်မည်

 

ဗထူး။ မတ် ၁၉၊ ၂၀၀၇

 

မတရားစွပ်စွဲခံရပြီးနောက် အကျဉ်းကျခံနေရသည့် မူလတန်းကျောင်းအုပ် ဆရာကြီးတဦးက စစ်အစိုးရတရားရုံးတွင် အယူခံဝင်မည်ဖြစ်သည်။

ကျောင်းသူတဦးအား လက်ဆွဲသည်ဟု လိမ်ညာတိုင်တန်းခဲ့သူများကြောင့် ရမည်းသင်းအကျဉ်း ထောင်တွင် ထောင်ဒဏ်တနှစ်ကျခံခဲ့ရသည့် ကျောင်းအုပ်ဆရာကြီးသည် လာမည့် (၂၁)ရက် နေ့တွင် တရားရုံး၌ သူ့အမှုနှင့်ပတ်သက်၍ အယူခံဝင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် လလယ်ပိုင်းက ရမည်းသင်းခရိုင်၊ လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာ မူလတန်း ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကိုကိုကြီးမှ ကျောင်းသူတယောက်အား ခေါင်းခေါက်သည် ကို မကျေနပ်သူ ဆရာမတဦးက စစ်အစိုးရပညာရေးဝန်ကြီးထံ လက်ဆွဲသည်ဟု လိမ်လည် တိုင်ကြားခဲ့သဖြင့် စစ်အစိုးရတရာရုံးမှ ထောင်ဒဏ်တနှစ် ချမှတ်ခြင်းခံခဲ့ရသည်။

“ဆရာကြီးအနေနဲ့က သိဏ္ခာရော ပင်စင်ရောပါ စွန့်လိုက်ရတယ်။ တကယ့်ကို ရပ်ရွာအကျိုး သယ်ပိုးနေတဲ့သူပါ။ သူ့မိသားစုကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ နောက်ဆုံးအယူခံဝင်ဖို့ လုပ်နေတယ်။ မတရားသဖြင့် အနိုင်ကျင့်ခံရတာလေ”ဟု ရမည်းသင်းမြို့ခံတဦးက ဆိုသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် အတန်းပိုင်ဆရာမ မလာသော အဌမတန်းတွင် စာသင်ပြရာမှ ကျောင်းသူတယောက်အား ခေါင်းခေါက်လိုက်သည့် အဆိုပါ ကျောင်းအုပ်ဆရာကြီးအား ဆရာမ တဦးက ပညာရေးဝန်ကြီးထံ စာရေးသားတိုင်ကြားခဲ့သည့်အတွက် ရမည်းသင်းတရားရုံးက ထောင်ဒဏ်တနှစ် ချမှတ်ခဲ့သည့်အတွက် ကျေးရွာသားများနှင့် ကျောင်းသားအများစုက မကျေမနပ် ဖြစ်ခဲ့ကြသည်။

ရွာသားတွေက မကျေနပ်လို့ နေပြည်တော်က ပညာရေးဝန်ကြီးကို သွားတွေ့ပြီးပြောတာ။ ဝန်ကြီးလုပ်တဲ့လူက လက်မခံပဲ ပယ်ချခဲ့တယ်။ တော်တော်မတရားဘူးဗျာ”ဟု အဆိုပါဒေသခံက ဆိုသည်။

အသက်(၆၀)အရွယ်ရှိ ဆရာဦးကိုကိုကြီးတွင် သားသမီး(၆)ဦးရှိပြီး မိသားစုအားလုံးသည် ပညာရေးဝန်ထမ်းများ ဖြစ်သောကြောင့် ရပ်ရွာတွင် အများစုကလေးစားခဲ့သည့် အိမ်ထောင်တခု ဖြစ်သည်ဟု ၄င်းက ဆက်လက်ပြောဆို သည်။

“ဆရာကြီးရဲ့အမျိုးသမီးက လယ်ဝေးအထက(၁)က ဆရာမ၊ သမီးတယောက်ကလည်း အလယ် တန်းပြ၊ အများက တကယ့်ကို လေးစားတဲ့လူတယောက်ပါ။ ခုလက်ရှိတော့ ဆရာကြီးက ရမည်းသင်း ထောင်ထဲမှာရှိနေတယ်။ သူ့ကို မကျေနပ်တဲ့ဆရာမကလည်း ကျုရှင်ပြလို့ ဆရာကြီး က နယ်ပြောင်းလိုက်လို့ အလုပ်ကထွက်ခဲ့တဲ့ ကျောင်းဆရာမပဲ။ ပညာရေးဝန်ကြီးနဲ့ ပေါင်းပြီး အမှုလုပ်တဲ့သဘောပါ”ဟု ရမည်းသင်းမှ အမည်မဖော်လိုသူ ကျောင်းဆရာတဦးက ဆိုသည်။

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org