Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

စစ်အစိုးရ၏ အမျိုးသမီးများအပေါ်အကြမ်းဖက် မုဒိန်းကျင့်သည့်အတွက် (WLB)က နိုင်ငံတကာအမျိုးသမီးများနေ့တွင် သဘောထားထုတ်ပြန်

 
ရိုးမ ၃။ မတ် ၈၊ ၂၀၀၇ 

 

မကြာသေးမီ ရက်ပိုင်းအတွင်းက မုဒိန်းကျင့်ခံရသည့် ကချင်ကျောင်းသူလေးများအား ဖမ်းဆီး ချုပ်နှောင်လိုက်ခြင်းသည် တရားမျှတမှုကို စက်ဆုတ်ဖွယ် ပျက်ရယ်ပြုလိုက်ခြင်းဖြစ်ပြီး မိမိ ပါဝင်ထားသော ဒေသဆိုင်ရာ အဖွဲ့အစည်းများအားလည်း အရှက်ရစရာ ဖြစ်နေစေသည်ဟု နအဖစစ်အစိုးရအား (WLB)က ဒီကနေ့ သတင်းထုတ်ပြန်၍ ဝေဖန်ရှုတ်ချလိုက်သည်။

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) (WLB)မှ ယနေ့ကျရောက်သော နိုင်ငံတကာအမျိုးသမီး များနေ့တွင် ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်တွင် ယခုကဲ့သို့ ရေးသားဖော်ပြထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လ အစောပိုင်းက ကချင်ပြည်နယ်မြောက်ပိုင်း၊ ပူတာအိုမြို့နယ်အတွင်းရှိ ရွာတရွာမှ ကျောင်းသူလေးဦးကို ဒေသခံနအဖစစ်တပ်မှ အရာရှိသုံးယောက်နှင့် စစ်သားလေးယောက်က အုပ်စုလိုက်မုဒိန်းကျင့်ကာ ပိုက်ဆံပေး၍ နှုတ်ပိတ်ခဲ့သော်လည်း ယင်းအဖြစ်အပျက်ကို ပြည်ပ သတင်းဌာနများမှ ထုတ်လွှင့်ခဲ့သောကြောင့် အဆိုပါကျောင်းသူလေးဦးကို စစ်အစိုးရက ဖမ်းဆီး ချုပ်နှောင်လိုက်သည်။

၎င်းအဖြစ်အပျက်သည် စစ်အစိုးရက အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ကို အစီအစဉ်ချ လုပ်ဆောင်နေကြောင်း ပိုမိုခိုင်မာစေသည့် သက်သေအထောက်အထား ဖြစ် သကဲ့သို့ စစ်အစိုးရ လက်မှတ်ရေးထိုးထားသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့် ရေးနှင့် ပတ်သက်သည့် အာဆီယံဒေသ ဆိုင်ရာ သဘောတူစာချုပ်ကိုလည်း မထီမဲ့မြင်ပြုခြင်း ဖြစ်ပြီ့း အာဆီယံနှင့် ဒေသတခုလုံးအတွက် ရှက်ဖွယ်ရာဖြစ်နေကြောင်း သတင်းထုတ်ပြန်ချက် တွင် ဆက်လက်ရေးသားဖော်ပြသည်။

ထို့ကြောင့် နအဖစစ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက် မှုများကို လူသိရှင်ကြား ပြစ်တင်ရှုတ်ချကြရန်နှင့် စစ်အစိုးရအား ကူညီထောက်ပံ့နေမှုများကို ချက်ချင်းရပ်ဆိုင်းပေးရန် နိုင်ငံတကာအမျိုးသမီးများနေ့တွင် (WLB)က အာဆီယံနိုင်ငံများနှင့် မြန်မာ့အိမ်နီးချင်းနိုင်ငံအား အထူးတိုက်တွန်း နှိုးဆော်လိုက်သည်။

 

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org