Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

မြန်မာပြည်မှ မူးယစ်ဆေးဝါးကိစ္စ ဆက်လက်ခြိမ်းခြောက်ဆဲရှိနေသေးသည်ဟု အမေရိကန် နိုင်ငံခြားရေးဌာနထောက်ပြ

 

ဉာဏ်မောင်။ မတ် ၂၊ ၂၀၀၇

 

မြန်မာပြည်သည် အာဖဂန်နစ္စတန်နိုင်ငံပြီးလျှင် ကမ္ဘာတွင်ဘိန်းပင်စိုက်ပျိုးမှု ဒုတိယအကြီးဆုံး နိုင်ငံ ဖြစ်နေသေးကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့က ပြောဆို လိုက်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အစီရင်ခံစာ တွင်  မြန်မာပြည်တွင် အချိန်ကာလအတန်ကြာကပင် လူသားတို့ကို ပျက်စီးစေနိုင်သော ဘိန်းမဲ အဆီထုတ်လုပ်ရေး ကျန်ရှိနေသေးသည်ဟု အဆိုပါဌာန၏ တကမ္ဘာလုံး မူးယစ်ဆေးဝါး စစ်တမ်း ကောက်ယူရေးတွင် ဖော်ပြထားခြင်းဖြစ်သည်။

ဘိန်းမဲအဆီသည် ဟီးရိုးအင်းဘိန်းဖြူ ထုတ်လုပ်ရန်အတွက် အဓိကကုန်ကြမ်းဖြစ်ပြီး မြန်မာ ပြည်မှ သူပုန်အုပ်စုများသည်လည်း မက်သာအက်ဖက်တမင်း (Methamphetimine)ဆေးပြား အဓိက ဆက်လက်ထုတ်လုပ်နေပြီး တနိုင်ငံလုံး ဘိန်းဆီမှဆေးဝါးထုတ်လုပ်ခြင်း၊ ကူးသန်း ရောင်းဝယ်ခြင်းများ လျော့နည်းလာသည်ဟု အစီရင်ခံစာက ဆိုသည်။

နယ်နမိတ်ခြင်း ထိစပ်နေသည့် တရုတ်နှင့်ထိုင်းနိုင်ငံတို့အား တရားမ၀င် ဘိန်းဆီထုတ်လုပ်ခြင်း နှင့် ကူးသန်းရောင်းဝယ်ခြင်း လုပ်ငန်းများကို ကြပ်မတ်ဆောင်ရွက်ချက်အား အစီရင်ခံစာက ချီးကျူးဖော်ပြထားသော်လည်း တရုတ်နိုင်ငံအနေဖြင့် အဓိက အက်ဖက်တမင်းဆေးဝါးများ ထုတ်လုပ်ရောင်းချသော နိုင်ငံတခုဖြစ်ပြီး မူးယစ်ဆေးဝါးဈေးကွက်တွင် တဆင့်ကြားခံနိုင်ငံတခု ဖြစ်နေသေးကြောင်း ဆိုသည်။

မူးယစ်ဆေးဝါး မှောင်ခိုကူးသန်းရောင်းဝယ်ခြင်းကြောင့် နိုင်ငံပိုင်စီးပွားရေးနှင့် လုံခြုံရေးအား ခြိမ်းခြောက်နေသည်ကို တရုတ်အစိုးရအား သိမြင်စေလိုပြီး တရုတ်အစိုးရအရာရှိများသည် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းနှင့် ပတ်သက်သည့် အကျင့်ပျက်ချစားမှုများတွင် အတိုင်းအတာ တခုအထိ ပါဝင်နေသည်ဟု ဆိုသည်။

အဆိုပါအစီရင်ခံစာက မြောက်ကိုရီးယားသည် မူးယစ်ဆေးဝါး ရောင်းဝယ်ရေးလုပ်ငန်းများနှင့် ယင်းနှင့်ပတ်သက်သော ရာဇ၀တ်မှုလုပ်ငန်းများတွင် အနည်းငယ်ပါဝင် ပတ်သက်နေပြီး ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ကိစ္စများတွင် စုံစမ်းဖော်ထုတ် ခြင်း၊ ဖမ်းဆီးထောင်ချခြင်းနှင့် ဥပဒေအရ အတင်းအကြပ် ပြဌာန်းဆောင်ရွက်မှုများ တိုးတက် ကောင်းမွန်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

           

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org