
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပေါက်ခေါင်းမြို့နယ် ဥက္ကဌ ဦးစောနေဒွန်း
(အသက် ၈၄ နှစ်)သည် ပြီးခဲ့ သည့် မတ်လ (၂) ရက်နေ့က
ပေါက်ခေါင်းမြို့နေအိမ် တွင် သရက်ရွက်ကင်ဆာရောဂါဖြင့် ကွယ်လွန်သွား
ခဲ့သည်။
ဦးစောနေဒွန်းကို ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်၊ ရွာသာကြီးရွာတွင်
အဖဦးကံ၊ အမိဒေါ်ဖွားရှင်တို့က ၁၉၂၃ မတ်လ (၂၇)ရက်နေ့တွင်
မွေးဖွားခဲ့ပြီး စစ်ကိုင်းမြို့တွင် (၁၀)တန်း အထိ ပညာသင်ကြား ခဲ့သည်။
ဦးစောနေဒွန်းသည် ၁၉၄၃ ခုနှစ် ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွင်း
ဗမာ့တပ်မတော် တိုင်း (၄)၊ တပ်ရင်း(၁၀၅)တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး
(၂၈-၃-၁၉၄၈) နေ့တွင် ဗမာပြည်ကွန်မြူနစ် ပါတီသို့ တောခိုခဲ့သည်။
ထန်းတပင်မြို့နယ် တပ်တွင်းဆေးမှူးအဖြစ် တာဝန်ယူစဉ် ယခင် မသင်းအုံ
ယခုဒေါက်တာသန်းခင်နှင့် အိမ်ထောင်ကျခဲ့ကာ ဇနီးကွယ်လွန်ချိန် ၂၀၀၄
ခုနှစ်၊ မတ်လ (၁၉)ရက်နေ့တွင် အကျဉ်းကျခံနေရဆဲဖြစ်သည်။
၁၉၉၁
ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့တွင် စင်ပြိုင်အစိုးရဖွဲ့စည်းရေးအတွက်
ကြိုးပမ်းဆောင်ရွက် နေစဉ် စစ်အစိုးရက ပုဒ်မ ၅(ည)ဖြင့် ဖမ်းဆီးကာ
ထောင်ဒဏ် အနှစ်(၂၀)ချမှတ်ခံခဲ့ရသည်။
ဦးစောနေဒွန်းသည် အသက်ကြီးဆုံး နိုင်ငံရေးအကျဉ်းသားဖြစ်ကာ
သာယာဝတီအကျဉ်းထောင် တိုက်အမှတ်(၁)တွင် နှစ်ရှည်နေထိုင်ခဲ့ရပြီး ၂၀၀၅
ခုနှစ်၊ ဇူလိုင်လ (၆)ရက်နေ့တွင် သာယာဝတီ အကျဉ်းထောင်မှ
ပြန်လည်လွတ်မြောက်လာကာ မိမိနေအိမ်တွင် နေထိုင်စဉ် ယခုကဲ့သို့
ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။ |