Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ထိုင်း-မြန်မာနယ်စပ်ဂိတ်နှစ်ခု ပိတ်ပြန်ပြီ

 

ဗထူး။ မတ် ၂၈၊ ၂၀၀၇

 

ထိုင်း-မြန်မာနယ်စပ်ဂိတ်နှစ်ခုဖြစ်သော မြ၀တီနှင့် ဘုရားသုံးဆူနယ်စပ်ဂိတ်များကို မြန်မာ စစ်အစိုးရက နှစ်ရက်အတွင်း ပိတ်လိုက်သည်။ 

ယခုလ (၂၂)ရက်နေ့က ထိုင်းနယ်ခြားစောင့် ရဲနှစ်ဦးကို ဒီကေဘီအေမှ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး နောက် မြန်မာဘက်မှ နယ်ခြားဂိတ်များကို ယခုကဲ့သို့ ပိတ်လိုက်ခြင်းဖြစ်သည်။ 

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခရဘူရီမြို့အနီးရှိ ဘုရားသုံးဆူနယ်စပ်ဂိတ်ကို ထိုင်းဘက်မှ အဆိုပါ ရဲအရာရှိနှစ်ဦး ဖမ်းဆီးခံရပြီးနောက် (၂၄)ရက်နေ့က ပိတ်ထားခဲ့ပြီး ရဲအရာရှိနှစ်ဦး ပြန်လည်လွတ်မြောက်လာသည့် (၂၆)ရက်နေ့တွင် ပြန်လည်ဖွင့်ပေးခဲ့သည်။ 

ထိုင်းနှင့် မြန်မာနယ်စပ် တာဝန်ရှိသူများ နားလည်မှုလွှဲမှား၍ နယ်စပ်ဂိတ်များ ပိတ်လိုက်ခြင်း ဖြစ်ကြောင်း ထိုင်းသတင်းရပ်ကွက်က ပြောဆိုနေချိန် ယမန်နေ့က ထိုင်းနှင့် နယ်စပ်ကုန်သွယ်မှု အများဆုံး ပြုလုပ်နေသည့် မြ၀တီဂိတ်ကို မြန်မာအာဏာပိုင်များက ယမန်နေ့က ပိတ်ပစ်လိုက် သည်။ 

“ဒီမနက်ကပဲ ဘုရားသုံးဆူတပ် ခလရ (၁၈)က ဒုဗိုလ်မှူးကြီး လှမင်းရဲ့အမိန့်နဲ့ ဂိတ်ကို ပြန်ပိတ် လိုက်ပြန်ပြီ၊ ဘာကြောင့်ပိတ်တယ်ဆိုတာ မသိရသေးဘူး”ဟု အမည်မဖော်လိုသူ ထိုင်းစစ်တပ် နှင့် နီးစပ်သူတဦးက ဆိုသည်။ 

မြန်မာစစ်အစိုးရအနေဖြင့် အကြောင်းကြားမှု တစုံတရာမရှိဘဲ တဖက်သတ် နယ်စပ်ဂိတ်များ ပိတ်ပစ်ခြင်းကို ထိုင်းအစိုးရအနေဖြင့် နားမလည်ကြောင်း နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို ထိခိုက်မည်ဖြစ်ပြီး မည်မျှကြာကြာ ပိတ်မည်ဆိုသည်ကို မသိရကြောင်း ၄င်းက ဆက်လက် ပြောဆိုသည်။ 

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးတွင် အချက်အခြာကျသည့် မြ၀တီ-မဲဆောက်နယ်စပ်ဂိတ်ကို ပိတ်လိုက်သည့်အတွက် တနေ့လျှင် ထိုင်းဘတ်ငွေ သန်း(၃၀) ထိခိုက်နစ်နာမည်ဖြစ်သည်။  

ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံအကြား နယ်စပ်အငြင်းပွားမှုများ ဖြစ်ပေါ်လာတိုင်း နယ်စပ်ဂိတ်များကို အကြိမ်ကြိမ် ပိတ်ခြင်းကို ပြုလုပ်နေမြဲဖြစ်ရာ မြန်မာစစ်အစိုးရက နယ်စပ်ကုန်သွယ်ရေးတွင် အဖမ်းအဆီးများ ပြုလုပ်သည့်အခါတွင်လည်း နယ်စပ်ဂိတ်များကို ကြာရှည်စွာ ပိတ်ထားလေ့ရှိ သည်။

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org