Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဘိုကလေးမြို့နယ်တွင် ၀မ်းရောဂါဖြစ်ပွား

 

ရိုးမ ၃။ မတ် ၁၆၊ ၂၀၀၇

 

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်တွင် နွေရာသီကာလရောက်လာခြင်းနှင့်အတူ ၀မ်းရောဂါ ဖြစ်ပွားမှုများ ယနေ့တွင် ပိုမိုတိုးပွားလာနေခဲ့သည်။ 

ရာသီဥတုအရ နေပူရှိန်ပြင်းထန်လာသည်နှင့်အမျှ  ဘိုကလေးမြို့ဆေးရုံကြီးတွင် ၀မ်းရောဂါ ဖြစ်ပွား၍ တက်ရောက်ကုသသူ လူနာအရေအတွက် များပြာလာခဲ့ခြင်းဖြစ်သည်။ 

“ကျေးရွာတွေမှာ ကလေးငယ်တွေသေဆုံးတာ များလာတယ်။ ဘုရားသုံးဆူရွာက (၃) နှစ်သား အရွယ် ကလေးတယောက်ဆုံးသွားတယ်။ လက်ရှိမှာကို ဆေးရုံကြီးပေါ်မှာ လူနာ (၁၀)ယောက် လောက် ကုသနေတယ်။ တော်တော်များများက ရောဂါမဖြစ်ခင်က သားငါးတွေ စားခဲ့ကြတယ်လို့ ပြောတယ်”ဟု ဒေသခံတဦးက ဆိုသည်။ 

ယခင်ရက်များကထက် ၀မ်းရောဂါဖြစ်ပွားသူ လူနာများ တိုးလာနေပြီး အချို့လူနာများမှာ ဆေးသွင်းကုသမှုများရှိနေသော်လည်း ဆေးရုံမတင်နိုင်သည့် ကျေးရွာများတွင် လူသေဆုံးမှုများ ရှိနေကြောင်း ၄င်းက ဆက်လက်ပြောဆို သည်။ 

“ဆေးရုံဆိုတာကလည်း ငွေမရှိရင် ဘာမှလုပ်ရတာမဟုတ်ဘူးလေ။ ဆင်းရဲတဲ့လူတွေအတွက် ကတော့ ဘာရောဂါဖြစ်ဖြစ် သေမဲ့ရက်ပဲ စောင့်ရတဲ့သဘောလိုဖြစ်နေတာပဲ၊ ကျန်းမာရေးဌာနက ပညာမပေးတာလည်းပါတယ်”ဟု ဒေသခံကဆိုသည်။  

လက်ရှိ ဘိုကလေးပြည်သူ့ဆေးရုံတွင် သာပေါင်းကျေးရွာမှ အသက် (၃၀)အရွယ် အမျိုးသမီး တဦး၊ ကျွဲခြံကျေးရွာမှ အသက် (၂၈)နှစ်အရွယ် အမျိုးသားတဦး၊ ဘုရားသုံးဆူရွာမှ အသက် (၈)နှစ်နှင့် (၁၃)နှစ် ကလေးနှစ်ဦးမှာ အလွန်ဆိုးဝါးသည့် အခြေအနေနှင့် ကြုံတွေ့နေရသည်။  

စစ်အစိုးရသတင်းစာများက ယခုလောလောဆယ်တွင် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေ သည့်အတွက် အဆိုပါရောဂါအတွက် သတိပေးတာမြစ်ချက်များကို သတင်းစာများတွင် ဖော်ပြ နေသော်လည်း ကျန်းမာရေးဝန်ကြီးဌာနမှနေ၍ နွေရာသီတွင် ဖြစ်လေ့ဖြစ်ထရှိသော ၀မ်းရောဂါ သတိပေးတားမြစ်ချက်များကို ထုတ်ပြန်ခဲ့ခြင်းမရှိသေးပေ။

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org