Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

လူ့အခွင့်အရေးစာအုပ် ဖြန့်ဝေသူနှစ်ဦး ပြန်လည်လွတ်မြောက်လာ

 

ရိုးမ ၃။ မတ် ၂၁၊ ၂၀၀၇

 

ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာများ ဖြန့်ဝေခဲ့သည့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူ နှစ်ဦးကို အာဏာပိုင်များက ပြန်လည်လွှတ်ပေးလိုက်သည်။

ယမန်နေ့ နေ့လည် (၁)နာရီခွဲခန့်က ပြည်မြို့ဈေးအတွင်း ကုလသမဂ္ဂလူ့အခွင့်အရေး ကြေညာ စာတမ်းများ ဖြန့်ဝေခဲ့သူ ကိုကျော်ဆွေနှင့် ကိုကျော်ကျော်ဦးတို့နှစ်ဦးကို မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီး သွားခဲ့ခြင်းဖြစ်သည်။

မေးစရာရှိလို့ဆိုပြီး ခေါ်သွားတာ။ ညနေ(၆)နာရီလောက်မှာ ပြန်လွှတ်ပေးလိုက်တယ်။ ရဲစခန်းမှူးက ဒီစာအုပ်တွေက ကောင်းပါတယ်။ နောက်ကိုမဝေဖို့လည်း ပြောလိုက်တယ်”ဟု နီးစပ်သူတဦးက ဆိုသည်။

ပြည်မြို့နယ်ရဲစခန်းမှူးက ခရီးထွက်လျှင် သက်ဆိုင်ရာရဲစခန်းသို့ အကြောင်းကြား၍သွားရောက် ရမည်ဟု မှာကြားလိုက်ကြောင်းလည်း ၄င်းက ဆက်လက်ပြောဆိုသည်။

ပြီးခဲ့သည့်(၁၇)ရက်နေ့က လူ့အခွင့်အရေးကာကွယ်မြှင့်သူများက ပြည်မြို့နယ်အတွင်း လူ့အခွင့် အရေးနှင့် ပတ်သက်သည့် ပညာပေးဆွေးနွေးပွဲများ ပြုလုပ်၍ ကုလသမဂ္ဂ လူအခွင့်အရေး ကြေညာစာတမ်း စောင်ရေ(၂၀၀)ကို ဖြန့်ဝေခဲ့ပြီးနောက် အာဏာပိုင်များက ၄င်းတို့နှစ်ဦးအား ယာယီ ထိမ်းသိမ်းခဲ့ခြင်းဖြစ်သည်။

“ဒီစာအုပ်တွေက လွတ်လွတ်လပ်လပ်ဝေလို့ရတာပဲ၊ ဒါကိုတားတာတို့၊ ခေါ်ယူမေးမြန်းတာတို့ လုပ်တာဟာ လူ့အခွင့်အရေး ချိုးဖောက်တာပဲ။ ဒီစာအုပ်မျိုး ပြည်သူထဲမှာ ပြန့်ဖို့လုပ်တာဟာ အစိုးရရဲ့တာဝန် ပိုဖြစ်သင့်တယ်”ဟု လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူတဦးက ဆိုသည်။

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org