Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ရွာသားများထံမှ ရယက ရံပုံငွေကောက်ခံ

 

ရိုးမ ၃။ မတ် ၁၇၊ ၂၀၀၇

 

စစ်အစိုးရမှ ကျေးရွာနှင့်မြို့နယ်အုပ်ချုပ်ရေးများတွင် အစားထိုးပြုပြင်မှုများ ပြုလုပ်ခဲ့ပြီးနောက် ကျေးရွာ ရယကများက ရယကရံပုံငွေအဖြစ် ပြည်သူများထံမှ အတင်းအကြပ် ငွေကြေး ကောက်ခံမှုများ ပြုလုပ်လျှက်ရှိသည်။ 

ယခုလ (၅)ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ အလယ်ကျောင်းကျေးရွာအုပ်စုတွင် ရယက ရံပုံငွေအဖြစ် အိမ်ထောင်စုအလိုက် ကောက်ခံခဲ့ခြင်း ဖြစ်သည်။ 

ရယက ဥက္ကဌအသစ်များ တက်လာပြီးသည့်အချိန်တွင် ကျေးရွာဆေးပေးခန်း ဆောက်လုပ်ရန် တအိမ်ထောင်လျှင် ၂,၀၀၀ ကျပ်၊ မြို့နယ်ဘောလုံးကွင်းအတွက် ၅၀၀ ကျပ်၊ ဆွမ်းလောင်း ဓမ္မာရုံအတွက် ၁,၀၀၀ ကျပ် စသည့်အလှူငွေနှုန်းထားများကို ထည့်ဝင်ခဲ့ရပြီး ယခု ရယကရံပုံ ငွေဟုဆိုကာ ထပ်မံကောက်ခံနေခြင်းဖြစ်သည်။ 

“တအိမ်ထောင်ကို တထောင်နှုန်းနဲ့ ဒီလ (၁၃)ရက်နေ့ နောက်ဆုံးပေးရမယ်လို့ ပြောတယ်။ မထည့်နိုင်တဲ့လူတွေကိုလည်း လက်မှတ်ထိုးရမယ်လို့ ခြိမ်းခြောက်တယ်။ ရယကအသစ်တွေ လာတော့လည်း ပေးထားတာတွေရှိတော့ လူတွေက မကျေနပ်ကြဘူး”ဟု ကျေးရွာသားတဦးက ဆိုသည်။ 

အလယ်ကျောင်းကျေးရွာအုပ်စုတွင် ကြက်တူရွေးကျေးရွာ၊ တံခွန်တိုင်၊ ၀ါးတောစု၊ အလယ်စု၊ အနောက်စု၊ သရက်ဝိုင်းကျေးရွာတို့ပါဝင်၍ ကျေးရွာအုပ်စုဥက္ကဋ္ဌမှာ ဦးမောင်ဝင်းဖြစ်ပြီး ယခုအခါ ငွေကြေးကောက်ခံလျှက်ရှိကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။ 

စစ်အစိုးရက နောင်တွင်ကျင့်သုံးမည့် စီမံခန့်ခွဲရေးယန္တရားကို မျှော်မှန်း၍ ခရိုင်၊ မြို့နယ်နှင့် ကျေးရွာအုပ်ချုပ်ရေးများကို ပြုပြင်ရန်အတွက်ဟုဆိုကာ ပြီးခဲ့သည့်နှစ် စက်တင်ဘာလ (၁၈) ရက်နေ့က အမိန့်ကြေညာစာအမှတ် ၂/၂၀၀၆ ကို ထုတ်ပြန်ကာ အုပ်ချူပ်ရေးများကို ပြုပြင် ပြောင်းလဲခဲ့သည်။ 

ဘွဲ့ရပညာတတ်များ၊ ရပ်ရွာမှလေးစားသူ လူပုဂ္ဂိုလ်များနှင့် အုပ်ချုပ်ရေးအား အစားထိုးခန့်အပ်မှု များကို ပြုလုပ်ခဲ့သော်လည်း ပြည်နယ်တိုင်းအသီးသီးတွင် ယခင် ရယကများနည်းတူ ပြည်သူ များထံမှ အကြောင်းအမျိုးမျိုးဖြင့် ငွေကြေးကောက်ခံမှုများရှိနေပြီး  အဆိုပါ ရပ်ကွက်အဆင့် ရယကများအနေဖြင့် သတ်မှတ်ထားသည့် လစာငွေများမရရှိကြောင်း သတင်းများက ဆိုသည်။  

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org